Quran with Burmese translation - Surah An-Naml ayat 11 - النَّمل - Page - Juz 19
﴿إِلَّا مَن ظَلَمَ ثُمَّ بَدَّلَ حُسۡنَۢا بَعۡدَ سُوٓءٖ فَإِنِّي غَفُورٞ رَّحِيمٞ ﴾
[النَّمل: 11]
﴿إلا من ظلم ثم بدل حسنا بعد سوء فإني غفور رحيم﴾ [النَّمل: 11]
Ba Sein ၁၁။ သို့သော်အကြင်သူသည် ပြစ်မှုကျူးလွန်မိ၏၊ ထို့နောက်မိမိမကောင်းမှုအစား ကောင်းမှုကို ပြုကျင့်လျှင် ငါသည် ထိုသူ၏အပြစ်ကို မုချလွှတ်တော်မူ၏၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။ |
Ghazi Mohammad Hashim သို့ရာတွင် မည်သူမဆို မတရားကျူးလွန်ခဲ့လျှင် တစ်ဖန်ထိုသူသည် မကောင်းမှု၏နောက်တွင် ကောင်းမှုကို ပြောင်းလဲ၍ပြုခဲ့လျှင် မလွဲဧကန် ငါ အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသော အလွန်တရာ သနားကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ |
Hashim Tin Myint သို့ရာတွင် မည်သူမဆို မတရားကျူးလွန်ခဲ့လျှင် ထို့ပြင် သူသည် မကောင်းမှု၏နောက်တွင် ကောင်းမှုကို ပြောင်းလဲပြီးပြုလုပ်ခဲ့လျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ |