Quran with Burmese translation - Surah An-Naml ayat 16 - النَّمل - Page - Juz 19
﴿وَوَرِثَ سُلَيۡمَٰنُ دَاوُۥدَۖ وَقَالَ يَٰٓأَيُّهَا ٱلنَّاسُ عُلِّمۡنَا مَنطِقَ ٱلطَّيۡرِ وَأُوتِينَا مِن كُلِّ شَيۡءٍۖ إِنَّ هَٰذَا لَهُوَ ٱلۡفَضۡلُ ٱلۡمُبِينُ ﴾
[النَّمل: 16]
﴿وورث سليمان داود وقال ياأيها الناس علمنا منطق الطير وأوتينا من كل﴾ [النَّمل: 16]
Ba Sein ၁၆။ တမန်တော်စိုလိုင်မာန်သည် တမန်တော်ဒါဝတ်(ဒ်)၏ အမွေစားအမွေခံဖြစ်၏၊ စိုလိုင်မာန်တမန်တော်ဟောကြား သည်မှာ အို-လူသားအပေါင်းတို့၊ မှတ်သားကြလော့၊ အကျွနု်ပ်တို့အား အတောင်နှစ်ဖက်ရှိ ငှက်တိရိစ္ဆာန်တို့၏ ဘာသာစကားကို သင်ကြားပေးတော်မူပြီ၊ ထို့အပြင်စည်းစိမ်ဥစ္စာအရာခပ်သိမ်းကုန်တို့၌ ပေါများကြွယ်ဝခြင်းကို ပေးသနားတော်မူ၏၊ ဤအချင်းအရာသည် ထင်ရှားသောကောင်းကြီးမင်္ဂလာအမှန်ဖြစ်၏။ |
Ghazi Mohammad Hashim ၎င်းပြင် စုလိုင်မာန်သည် ဒါဝူဒ်၏အရိုက်အရာကိုဆက်ခံခဲ့၏။ ၎င်းပြင် ထိုစုလိုင်မာန်သည် (ဤသို့)ပြောကြားခဲ့၏။ အို-လူအပေါင်းတို့၊ ငါတို့သည် ငှက်သတ္တဝါတို့၏ ဘာသာစကားကို သင်ကြားပေးခြင်း ခံခဲ့ကြရလေသည်။ ထိုမှတစ်ပါး ငါတို့သည် (စိုးမိုးအုပ်ချုပ်မှုနှင့်စပ်လျဉ်း၍ လိုအပ်သော) အရာခပ်သိမ်းတို့ကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရပေသည်။ ဧကန်စင်စစ် ဤသည် ထင်ရှားလှစွာသော ကျေးဇူးတော်ပင် ဖြစ်ချေသည်။ |
Hashim Tin Myint ထို့ပြင် (တမန်တော်)စုလိုင်မာန်သည် (တမန်တော်)ဒါဝူဒ်၏အမွေကို ဆက်ခံခဲ့သည်။ ထို့ပြင် (တမန်တော်)စုလိုင်မာန်ကပြောဆိုသည်- အို- လူသားအပေါင်းတို့၊ ငါတို့သည် ငှက်များ၏စကားကို သင်ကြားပို့ချခြင်းခံခဲ့ကြရသည်။ ထို့ပြင် ငါတို့သည် (အုပ်ချုပ်မှုဆိုင်ရာ လိုအပ်သမျှ)အရာများကို ပေးသနားတော်မူခြင်း ခံခဲ့ကြရသည်။ အမှန်စင်စစ် ဤသည် ထင်ရှားလှသော ကျေးဇူးတော်ပင်ဖြစ်သည်။ |