Quran with Burmese translation - Surah An-Naml ayat 15 - النَّمل - Page - Juz 19
﴿وَلَقَدۡ ءَاتَيۡنَا دَاوُۥدَ وَسُلَيۡمَٰنَ عِلۡمٗاۖ وَقَالَا ٱلۡحَمۡدُ لِلَّهِ ٱلَّذِي فَضَّلَنَا عَلَىٰ كَثِيرٖ مِّنۡ عِبَادِهِ ٱلۡمُؤۡمِنِينَ ﴾
[النَّمل: 15]
﴿ولقد آتينا داود وسليمان علما وقالا الحمد لله الذي فضلنا على كثير﴾ [النَّمل: 15]
Ba Sein ၁၅။ ငါသည် တမန်တော်ဒါဝတ်(ဒ်)နှင့် တမန်တော်စိုလိုင်မာန်အား အသိဉာာဏ်ပေးသနားတော်မူ၏၊ ထိုအခါသူတို့သည် အကျွန်ုပ်တို့ကို မိမိ၏ယုံကြည်သူကျေးတော်မျိုးကျွန်တော်မျိုးအများအပြားထက် ပိုမိုနှစ်သက်တော်မူထသော အလ္လာဟ်အရှင်မြတ်သည် ချီးမွမ်းခြင်းတည်ရာဖြစ်တော်မူပါ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် "ဒါဝူဒ်"အားလည်းကောင်း၊ "စုလိုင်မာန်" အားလည်း ကောင်း၊(အထူး) အသိပညာတစ်ရပ်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထို့ပြင် ထိုဒါဝူဒ်နှင့် စုလိုင်မာန်နှစ်ဦးတို့က "ကျွန်တော်မျိုးအား မိမိ၏ မြောက်မြားစွာသော မုအ်မင်န်သက်ဝင် ယုံကြည်ကြကုန်သော ကျွန်တို့ထက် ထွတ်မြတ်စေတော်မူခဲ့သော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ချီးမွမ်းထောပနာအပေါင်းတို့ကို ခံယူထိုက်တော်မူသည်"ဟု လျှောက်ထားခဲ့ကြကုန်၏။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်တော်)ဒါဝူဒ်နှင့် (တမန်တော်)စုလိုင်မာန်အား အသိပညာတစ်ရပ်ကို ပေးသနားတော်မူခဲ့သည်။* ထို့ပြင် သူတို့နှစ်ဦးက ပြောဆိုလျှောက်ထားခဲ့သည်- ကျွန်ုပ်တို့အား အရှင်မြတ်၏ယုံကြည်သူ ကျွန်အများစုထက်မြင့်မြတ်စေတော်မူခဲ့သော အလ္လာဟ်အရှင်မြတ်သည်ပင် ချီးမွမ်းခြင်းအပေါင်းတို့ကို ခံယူထိုက်တော်မူသည်။ |