×

ဂျင်(န်)တို့အနက်မှ ဉာဏ်နီဉာဏ်နက်များပြီး ခွန်အားဗလကြီးသောသူ တစ်ဦးက ကိုယ်တော်သည် (ကိုယ်တော်စည်းဝေး တိုင်ပင်နေသည့်) နေရာမှ မတ်တတ်မရပ်မီ ကျွန်ုပ်သည် ယင်း (ရာဇပလ္လင်) 27:39 Burmese translation

Quran infoBurmeseSurah An-Naml ⮕ (27:39) ayat 39 in Burmese

27:39 Surah An-Naml ayat 39 in Burmese (البورمية)

Quran with Burmese translation - Surah An-Naml ayat 39 - النَّمل - Page - Juz 19

﴿قَالَ عِفۡرِيتٞ مِّنَ ٱلۡجِنِّ أَنَا۠ ءَاتِيكَ بِهِۦ قَبۡلَ أَن تَقُومَ مِن مَّقَامِكَۖ وَإِنِّي عَلَيۡهِ لَقَوِيٌّ أَمِينٞ ﴾
[النَّمل: 39]

ဂျင်(န်)တို့အနက်မှ ဉာဏ်နီဉာဏ်နက်များပြီး ခွန်အားဗလကြီးသောသူ တစ်ဦးက ကိုယ်တော်သည် (ကိုယ်တော်စည်းဝေး တိုင်ပင်နေသည့်) နေရာမှ မတ်တတ်မရပ်မီ ကျွန်ုပ်သည် ယင်း (ရာဇပလ္လင်) နှင့်အတူ ကိုယ်တော်ထံသို့ ဆောင်ကြဉ်းလာခဲ့ပါမည်။ အမှန်သော်ကား ကျွန်ုပ်သည် ဧကန်ပင် ထိုကိစ္စအတွက် အမှန်ပင် ကျွမ်း ကျင်ပြီးစွမ်းရည်စွမ်းပကား ပြည့်စုံသူ၊ ယုံကြည်စိတ်ချရသူတစ်ဦးပင် ဖြစ်ပါသည်။” ဟု လျှောက်ထားခဲ့လေ၏။

❮ Previous Next ❯

ترجمة: قال عفريت من الجن أنا آتيك به قبل أن تقوم من مقامك, باللغة البورمية

﴿قال عفريت من الجن أنا آتيك به قبل أن تقوم من مقامك﴾ [النَّمل: 39]

Ba Sein
၃၉။ ထိုအခါဂျင်နတ်သားများအနက် သတ္တိကောင်းတစ်ဦးက အို-ပြည့်ရှင်မင်းကြီး၊ ကိုယ်တော်သည် မိမိနေရာမှ ထတော်မမူနိုင်မီ အကျွနု်ပ်သည် ထိုပလ္လင်ကို ကိုယ်တော့်ထံသို့ ယူဆောင်လာပါမည်၊ အကျွနု်ပ်သည် အမှန် ခွန်အားဗလကောင်း၍ ထိုအလုပ်ကို ဆောင်ရွက်ဖို့ရာ ယုံကြည်လောက်သူဖြစ်ပါ၏ဟု လျှောက်၏။
Ghazi Mohammad Hashim
ဂျင်(န်)သတ္တဝါတို့အနက်မှ အလွန်ခွန်အားဗလကြီးသော ဂျင်(န်)တစ်ဦးက ကိုယ်တော်သည် မိမိနေရာမှမထမီ ကျွန်တော်မျိုးသည် ထိုရာဇပလ္လင်ကို ကိုယ်တော်ထံသို့ဆောင်ကြဉ်းခဲ့ပါမည်။ အမှန်သော်ကား ကျွန်တော်မျိုးသည် ဧကန်မလွဲ ဤကိစ္စနှင့်စပ်လျဉ်း၍ ပြုစွမ်းနိုင်သူ၊ ယုံကြည်စိတ်ချရသူတစ်ဦးပင် ဖြစ်ပါသည်ဟု လျှောက်ထားခဲ့လေ၏။
Hashim Tin Myint
ဂျင်န်သတ္တဝါများထဲမှ အလွန်အင်အားကြီး‌သော ဂျင်န်တစ်ဦးက ‌ပြောဆို‌လျှောက်ထားသည်- ကိုယ်‌တော်သည် ကိုယ်‌တော်(စီရင်ဆုံးဖြတ်သည့်တရားခွင်)‌နေရာမှ မထမီ(တရားစီရင်မှုအစီအစဉ်မပြီးမီ) ကျွန်ုပ်သည် ထိုပလ္လင်ကို ကိုယ်‌တော်၏ထံသို့ ယူလာပါမည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်သည် အမှန်ပင် ဤကိစ္စနှင့်ပတ်သက်၍ပြုလုပ်ရန် အင်အားရှိသူ၊ ယုံကြည်စိတ်ချရသူ တစ်ဦးပင်ဖြစ်ပါသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek