×

ထို့နောက် ထိုဘုရင်မသည် ရောက်ရှိလာသောအခါ (တစ်စုံတစ်ယောက်က) “အသင်မ၏ရာဇပလ္လင် သည် ဤအတိုင်းပင် ဖြစ်ပါသလော။”ဟု မေးမြန်းခြင်းခံခဲ့ရာ၊ သူမက “ဤသည်မှာ ထိုရာဇပလ္လင်ပင် 27:42 Burmese translation

Quran infoBurmeseSurah An-Naml ⮕ (27:42) ayat 42 in Burmese

27:42 Surah An-Naml ayat 42 in Burmese (البورمية)

Quran with Burmese translation - Surah An-Naml ayat 42 - النَّمل - Page - Juz 19

﴿فَلَمَّا جَآءَتۡ قِيلَ أَهَٰكَذَا عَرۡشُكِۖ قَالَتۡ كَأَنَّهُۥ هُوَۚ وَأُوتِينَا ٱلۡعِلۡمَ مِن قَبۡلِهَا وَكُنَّا مُسۡلِمِينَ ﴾
[النَّمل: 42]

ထို့နောက် ထိုဘုရင်မသည် ရောက်ရှိလာသောအခါ (တစ်စုံတစ်ယောက်က) “အသင်မ၏ရာဇပလ္လင် သည် ဤအတိုင်းပင် ဖြစ်ပါသလော။”ဟု မေးမြန်းခြင်းခံခဲ့ရာ၊ သူမက “ဤသည်မှာ ထိုရာဇပလ္လင်ပင် ဖြစ်ဟန်တူပါသည်။ စင်စစ် ကျွန်ုပ်တို့သည် ဤ (ဖြစ်ရပ်) မတိုင်မီကပင် (တမန်တော်စုလိုင်မာန်၏တစ်မူထူးခြားသော ဩဇာအာဏာနှင့်ကြီးကျယ်ခမ်းနားသော အုပ်ချုပ်ရေးအကြောင်းနှင့်စပ်လျဉ်း၍) အသိပေးခြင်းခံကြရပြီး ကျွန်ုပ် တို့သည် (ကိုယ်စိတ်နှလုံးတို့ကို အရှင်မြတ်ထံ နာခံအပ်နှံ၍ ငြိမ်းချမ်းရေး လိုလားသော) မွတ်စလင်များ ဖြစ်လို ကြ၏။” ဟု ပြောခဲ့၏။

❮ Previous Next ❯

ترجمة: فلما جاءت قيل أهكذا عرشك قالت كأنه هو وأوتينا العلم من قبلها, باللغة البورمية

﴿فلما جاءت قيل أهكذا عرشك قالت كأنه هو وأوتينا العلم من قبلها﴾ [النَّمل: 42]

Ba Sein
၄၂။ ထို့နောက်ဘုရင်မကြွလာသောအခါ သူမအား ဤရာဇပလ္လင်သည် သင်၏ရာဇပလ္လင်လောဟု မေး၏၊ ဘုရင်မက ဤရာဇပလ္လင်သည် အစစ်ကဲ့သို့ဖြစ်၏ဟု ပြန်ပြော၏၊ ထိုအခါတမန်တော်စိုလိုင်မာန်က တရားအလင်းရောင်တော် ကို ဤဘုရင်မအား မသနားမီ အကျွနု်ပ်တို့အား သနားတော်မူ၍ အကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား ကျိုးနွံယုံကြည်သူများဖြစ်ကြပြီ။
Ghazi Mohammad Hashim
ထို့နောက် ထိုဘုရင်မသည် ရောက်ရှိ၍လာသောအခါ တစ်စုံတစ်ယောက်က အသင်၏ ရာဇပလ္လင်သည် ဤအတိုင်းပင် ဖြစ်ပါသလောဟု မေးရာ၊ ထိုဘုရင်မက "ဤရာဇပလ္လင်မှာ ထိုရာဇပလ္လင်ပင် ဖြစ်ဟန်တူပါသည်။ စင်စစ် ကျွန်ုပ်တို့သည် ဤသည့် အလျင်ကပင် အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်းကို ခံခဲ့ကြရပြီ။ ၎င်းပြင် ကျွန်ုပ်တို့သည် "မွတ်စ်လင်မ်" အမိန့်ကိုနာခံသူများပင် ဖြစ်ခဲ့ပေပြီ" ဟု ပြောဆိုဖြေကြားခဲ့လေ၏။
Hashim Tin Myint
ထို့‌နောက် ဘုရင်မ‌ရောက်ရှိလာသည့်အခါ တစ်‌ယောက်‌ယောက်က “အသင်မ၏ပလ္လင်သည် ဤသို့ပင်‌လော“ဟု ‌မေးလိုက်သည်။ သူမက‌ပြောသည်- “ဤသည် ထိုပလ္လင်ဖြစ်မည်နှင့်တူသည်။“* ထို့ပြင် ကျွန်ုပ်တို့သည် ဤသည့်အလျင်ကတည်းက အသိပညာကို ‌ပေးသနားခံခဲ့ကြရပြီဖြစ်သည်သာမက ကျွန်ုပ်တို့သည် မွတ်စ်လင်မ် အမိန့်နာခံသူများပင် ဖြစ်ခဲ့ကြပြီဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek