×

(တမန်တော်ဆွာလိဟ်၏လူမျိုးများဖြစ်ကြသော) သူတို့က “ကျွန်ုပ်တို့သည် အသင် (တမန်တော်) ကြောင့် လည်းကောင်း၊ အသင်နှင့်အတူရှိသော အသင့်အပေါင်းပါတို့ကြောင့်လည်းကောင်း၊ နိမိတ်ဆိုးနှင့်ကြုံ တွေ့နေကြရ၏။” ဟု 27:47 Burmese translation

Quran infoBurmeseSurah An-Naml ⮕ (27:47) ayat 47 in Burmese

27:47 Surah An-Naml ayat 47 in Burmese (البورمية)

Quran with Burmese translation - Surah An-Naml ayat 47 - النَّمل - Page - Juz 19

﴿قَالُواْ ٱطَّيَّرۡنَا بِكَ وَبِمَن مَّعَكَۚ قَالَ طَٰٓئِرُكُمۡ عِندَ ٱللَّهِۖ بَلۡ أَنتُمۡ قَوۡمٞ تُفۡتَنُونَ ﴾
[النَّمل: 47]

(တမန်တော်ဆွာလိဟ်၏လူမျိုးများဖြစ်ကြသော) သူတို့က “ကျွန်ုပ်တို့သည် အသင် (တမန်တော်) ကြောင့် လည်းကောင်း၊ အသင်နှင့်အတူရှိသော အသင့်အပေါင်းပါတို့ကြောင့်လည်းကောင်း၊ နိမိတ်ဆိုးနှင့်ကြုံ တွေ့နေကြရ၏။” ဟု စွပ်စွဲပြောဆိုခဲ့ကြ၏။ (ထိုအခါ တမန်တော်) ဆွာလိဟ်က သင်တို့ နိမိတ်ဆိုး (၏အကြောင်း ရင်း) မှာ အလ္လာဟ်အရှင်မြတ်ထံတော်၌ပင် ရှိပေသည်။ သို့ရာတွင် အမှန်တရားမှာကား သင်တို့သည် စမ်းသပ်ခြင်းခံကြ ရမည်ဖြစ်သောလူမျိုးပင် ဖြစ်ကြ၏။” ဟု ဟောပြောခဲ့၏။

❮ Previous Next ❯

ترجمة: قالوا اطيرنا بك وبمن معك قال طائركم عند الله بل أنتم قوم, باللغة البورمية

﴿قالوا اطيرنا بك وبمن معك قال طائركم عند الله بل أنتم قوم﴾ [النَّمل: 47]

Ba Sein
၄၇။ သူတို့က ဟယ်-ဆွာလေဟ်၊ အကျွန်ုပ်တို့သည် သင်နှင့်သင့်အပေါင်းအဖော်တို့ကြောင့် နိမိတ်ဆိုးကို မြင်ကြ၏ဟု ဆိုကြ၏၊ တမန်တော်က ဟယ်-သူမိုက်တို့၊ သင်တို့၏နိမိတ်ဆိုးသည် အလ္လာဟ်အရှင်မြတ်နှင့်ရှိ၏၊ သို့သော် သင်တို့သည် စမ်းသပ်ခြင်းခံနေရသူတို့အမှန်ဖြစ်ကြ၏။
Ghazi Mohammad Hashim
ထိုအမျိုးသားတို့က ကျွန်ုပ်တို့သည် အသင့်အားဖြင့်လည်းကောင်း၊ အသင်၏အပေါင်းပါတို့ အားဖြင့်လည်းကောင်း၊ နိမိတ်ဆိုးကောက်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။(ထိုအခါ)ထို"ဆွာလိဟ်"က အသင်တို့၏ နိမိတ်ဆိုး(၏အကြောင်းအကြောင်းရင်း)မှာ အလ္လာဟ်အရှင်မြတ် အထံတော်၌ပင်ရှိပေသည်။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား အသင်တို့သည် စမ်းသပ်ခြင်းကို ခံကြရမည်ဖြစ်သော အမျိုးသားများပင် ဖြစ်ကြ၏သည်ဟု ပြောကြားခဲ့ပေသတည်း။
Hashim Tin Myint
ထိုအမျိုးသားများက ကျွန်ုပ်တို့သည် အသင်နှင့် အသင်၏အ‌ပေါင်းအပါများ‌ကြောင့် (နိမိတ်ဆိုးဖြစ်ပြီး) လာဘ်ပိတ်‌နေခဲ့သည်ဟု ‌ပြောဆိုခဲ့ကြသည်။ ၎င်း(တမန်‌တော်စွာလိဟ်)က ‌ပြောဆိုသည်- အသင်တို့၏နိမိတ်ဆိုးသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်၌သာရှိသည်။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် အသင်တို့သည် စမ်းသပ်ခြင်းကို ခံကြရမည့် အမျိုးသားများပင်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek