Quran with Burmese translation - Surah An-Naml ayat 49 - النَّمل - Page - Juz 19
﴿قَالُواْ تَقَاسَمُواْ بِٱللَّهِ لَنُبَيِّتَنَّهُۥ وَأَهۡلَهُۥ ثُمَّ لَنَقُولَنَّ لِوَلِيِّهِۦ مَا شَهِدۡنَا مَهۡلِكَ أَهۡلِهِۦ وَإِنَّا لَصَٰدِقُونَ ﴾
[النَّمل: 49]
﴿قالوا تقاسموا بالله لنبيتنه وأهله ثم لنقولن لوليه ما شهدنا مهلك أهله﴾ [النَّمل: 49]
Ba Sein ၄၉။ သူတို့က ဟယ်-အချင်းတို့၊ အကျွနု်ပ်တို့သည် ဆွာလေ(ဟ်)နှင့် သူ၏အိမ်သူအိမ်သားတို့ကို ညဉ့်တွင် အမှန် တိုက်ခိုက်သတ်ဖြတ်ပြီးနောက် သူ၏မိတ်ဆွေတို့အား သူတို့အား သတ်ဖြတ်ဖျက်ဆီးနေသည်ကို အကျွနု်ပ်တို့သည် မမြင်ကြချေ၊ မှတ်သားကြလော့၊ အကျွနု်ပ်တို့သည် မှန်ကန်သောစကားကို ဆိုသူများအမှန်ဖြစ်ကြ၏ဟု အကျွနု်ပ် တို့သည် အလ္လာဟ်အား တိုင်တည်၍ အချင်းချင်းသစ္စာဆိုကြအ့ံဟု ပြောကြ၏။ |
Ghazi Mohammad Hashim ၎င်းတို့က ပြောဆို(တိုင်ပင်)ခဲ့ကြကုန်၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ထိုဆွာလိဟ်အားလည်းကောင်း၊ ထိုဆွာလိဟ်နှင့် ပတ်သက်သော သူတို့အားလည်းကောင်း၊ ညဉ့်အချိန်၌ သွားရောက်သတ်ဖြတ်ရန် ကျိန်ဆိုခဲ့ကြလေသည်။ ပြီးနောက် ထိုဆွာလိဟ်၏ အမွေစားအမွေခံတို့အား ၎င်းနှင့်ပက်သက်သောသူများ အသတ်ခံကြရသောအချိန်တွင် ကျွန်ုပ်တို့ တွေ့မြင်ခဲ့ကြသည် မဟုတ်ပေ။ ထို့ပြင် ဧကန်မလွဲ ကျွန်ုပ်တို့သည် သစ္စာဝါဒီများပင် ဖြစ်ကြသည်ဟု ပြောဆိုကြမည့်အကြောင်း အချင်းချင်း ပြောဆိုခဲ့ကြလေသည်။ |
Hashim Tin Myint သူတို့သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အမှန်ပင် ကျွန်ုပ်တို့သည် (တမန်တော်)စွာလိဟ်နှင့် ၎င်း၏လူများအား ညအချိန်တွင် သွားရောက်သတ်ဖြတ်ကြမည်၊ ထို့ပြင် ၎င်း၏ အမွေစားအမွေခံများအား ၎င်းနှင့်ပတ်သက်သည့်သူများ အသတ်ခံကြရသည့်အချိန်တွင် ကျွန်ုပ်တို့ တွေ့မြင်ခဲ့ကြသည် မဟုတ်ပေ၊ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် မှန်ကန်သည့်သူများဖြစ်ကြသည်ဟု ပြောဆိုကြမည့်အကြောင်း အချင်းချင်း ပြောဆိုခဲ့ကြသည်။ |