×

စင်စစ် ငါအရှင်မြတ်သည် ဤလောကဘဝ၌လည်း အရှင့်ကရုဏာတော်မှ ကင်းဝေးစေသည့် ကျိန်ဆဲမှု ခံကြစေရန် (လူများစွာအား သူတို့၏နောက်မှ ထပ်ကြပ်မကွာလိုက်ကြသော) နောက်လိုက်များ ဖြစ်စေတော်မူခဲ့၏။ 28:42 Burmese translation

Quran infoBurmeseSurah Al-Qasas ⮕ (28:42) ayat 42 in Burmese

28:42 Surah Al-Qasas ayat 42 in Burmese (البورمية)

Quran with Burmese translation - Surah Al-Qasas ayat 42 - القَصَص - Page - Juz 20

﴿وَأَتۡبَعۡنَٰهُمۡ فِي هَٰذِهِ ٱلدُّنۡيَا لَعۡنَةٗۖ وَيَوۡمَ ٱلۡقِيَٰمَةِ هُم مِّنَ ٱلۡمَقۡبُوحِينَ ﴾
[القَصَص: 42]

စင်စစ် ငါအရှင်မြတ်သည် ဤလောကဘဝ၌လည်း အရှင့်ကရုဏာတော်မှ ကင်းဝေးစေသည့် ကျိန်ဆဲမှု ခံကြစေရန် (လူများစွာအား သူတို့၏နောက်မှ ထပ်ကြပ်မကွာလိုက်ကြသော) နောက်လိုက်များ ဖြစ်စေတော်မူခဲ့၏။ ထိုသို့လောကီဘဝ၌ သူတို့အတွက် အလုပ်လုပ်ကြသော အမှုထမ်းများနှင့်နောက်လိုက်များစွာ ရှိသော် လည်း) ရှင်ပြန်ထမည့်နေ့တွင်မူ သူတို့သည် အလွန်စက်ဆုပ်ရွံရှာဖွယ်ရာအကျည်းတန်သူတို့အနက်မှပင် ဖြစ်ကြလိမ့်မည်။

❮ Previous Next ❯

ترجمة: وأتبعناهم في هذه الدنيا لعنة ويوم القيامة هم من المقبوحين, باللغة البورمية

﴿وأتبعناهم في هذه الدنيا لعنة ويوم القيامة هم من المقبوحين﴾ [القَصَص: 42]

Ba Sein
၄၂။ ထို့အပြင်ဤလောက၌ ငါ၏ကျိန်ဆဲတော်မူခြင်းကို ထိုသူတို့နောက်က ထက်ချပ်မကွာလိုက်စေတော်မူ၏၊ ရှင်ပြန် ထမြောက်ရသောနေ့တော်ကြီး၌ ထိုသူတို့သည် မုန်းတီးဖွယ်ကောင်းသောသူတို့ဘောင်တွင် ပါဝင်ကြရလတ့ံ။
Ghazi Mohammad Hashim
စင်စစ် ငါအရှင်မြတ်သည် ဤပစ္စုပ္ပန်လောက၌လည်း ကရုဏာတော်မှ ကင်းဝေးမှုကို ၎င်းတို့၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါစေတော်မူခဲ့၏။ ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင်လည်း ၎င်းတို့သည် အခြေအနေ အလွန်ဆိုးရွားသူတို့အနက်မှပင် ဖြစ်ကြကုန်အံ့သတည်း။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် ဤဘဝတွင်လည်း ကရုဏာ‌တော်မှကင်း‌ဝေးမှုကို သူတို့၏‌နောက်မှ လိုက်ပါ‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ကိယာမသ်‌နေ့တွင်လည်း သူတို့သည် အ‌ခြေအ‌နေ အလွန်ဆိုးရွားသူများထဲမှပင် ဖြစ်ကြလိမ့်မည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek