Quran with Burmese translation - Surah Al-Qasas ayat 5 - القَصَص - Page - Juz 20
﴿وَنُرِيدُ أَن نَّمُنَّ عَلَى ٱلَّذِينَ ٱسۡتُضۡعِفُواْ فِي ٱلۡأَرۡضِ وَنَجۡعَلَهُمۡ أَئِمَّةٗ وَنَجۡعَلَهُمُ ٱلۡوَٰرِثِينَ ﴾
[القَصَص: 5]
﴿ونريد أن نمن على الذين استضعفوا في الأرض ونجعلهم أئمة ونجعلهم الوارثين﴾ [القَصَص: 5]
Ba Sein ၅။ ငါသည် မြေပေါ်တွင် မတရားနှိပ်စက်ခံရသူတို့အား မဟာကရုဏာတော်ပြလိုတော်မူ၏၊ ထိုသူတို့အား အခြား သူများအတုယူဖို့ရာ စံနမူနာဖြစ်လိုတော်မူ၏၊ ထို့အပြင်သူတို့အား အခြားသူများအတုယူဖို့ရာစံနမူနာ ဖြစ်စေ လိုတော်မူ၏။ |
Ghazi Mohammad Hashim သို့ရာတွင် ငါအရှင်မြတ်သည် တိုင်းပြည်တွင် အားအင်လျော့နည်းအောင် ပြုလုပ်ခြင်းခံခဲ့ကြရသူတို့အား ကျေးဇူးပြုတော်မူရန်လည်းကောင်း၊ ထိုသူတို့အား ရှေ့ဆောင်ရှေ့ရပ်များ ပြုလုပ်တော်မူရန်လည်းကောင်း၊ ထိုသူတို့အား အမွေစားအမွေခံများ ပြုလုပ်တော်မူရန်လည်းကောင်း၊ အလိုရှိတော်မူ၏။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် တိုင်းပြည်တွင် အင်အားလျော့နည်းအောင် ပြုလုပ်ခံခဲ့ကြရသူများအား ကျေးဇူးပြုတော်မူရန်၊ ထို့ပြင် သူတို့အား ရှေ့ဆောင်ရှေ့ရပ်များ ပြုလုပ်တော်မူရန်နှင့် သူတို့အား အမွေစားအမွေခံများ ပြုလုပ်တော်မူရန်အတွက် အလိုရှိတော်မူသည်။ |