×

ဧကန်မလွဲ၊ ဖာရိုမင်းသည် မြေကမ္ဘာ (၏တိုင်းပြည်ဒေသ) ၌ (အထွတ်အထိပ်ဘွဲ့ခံယူလျက်) လွန်စွာ မောက်မာသော နိုင်လိုမင်းထက်ပြုမူသူဖြစ်ပြီး ယင်း (တိုင်းပြည်) ၏ပြည်သူများကို 28:4 Burmese translation

Quran infoBurmeseSurah Al-Qasas ⮕ (28:4) ayat 4 in Burmese

28:4 Surah Al-Qasas ayat 4 in Burmese (البورمية)

Quran with Burmese translation - Surah Al-Qasas ayat 4 - القَصَص - Page - Juz 20

﴿إِنَّ فِرۡعَوۡنَ عَلَا فِي ٱلۡأَرۡضِ وَجَعَلَ أَهۡلَهَا شِيَعٗا يَسۡتَضۡعِفُ طَآئِفَةٗ مِّنۡهُمۡ يُذَبِّحُ أَبۡنَآءَهُمۡ وَيَسۡتَحۡيِۦ نِسَآءَهُمۡۚ إِنَّهُۥ كَانَ مِنَ ٱلۡمُفۡسِدِينَ ﴾
[القَصَص: 4]

ဧကန်မလွဲ၊ ဖာရိုမင်းသည် မြေကမ္ဘာ (၏တိုင်းပြည်ဒေသ) ၌ (အထွတ်အထိပ်ဘွဲ့ခံယူလျက်) လွန်စွာ မောက်မာသော နိုင်လိုမင်းထက်ပြုမူသူဖြစ်ပြီး ယင်း (တိုင်းပြည်) ၏ပြည်သူများကို လူတန်းစား အမျိုးမျိုးအဖြစ် ခွဲခြား၍ သူတို့အနက်မှ အုပ်စုတစ်ခုကို ညှင်းပန်းနှိပ်စက်လျက် သူတို့၏သားယောကျ်ားများကို သတ်ဖြတ် သုတ်သင်ကာ သမီးမိန်းကလေးများကို (နှိမ့်ချဖိနှိပ်ရန်) ဆက်လက် အသက်ရှင်ခွင့်ပေးခဲ့၏။ ဧကန်ပင်၊ ဖာရိုမင်းသည် အဖျက်အမှောင့်နှင့်မတည်မငြိမ်မှုများ ပျံ့နှံ့စေသူများအနက်မှပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: إن فرعون علا في الأرض وجعل أهلها شيعا يستضعف طائفة منهم يذبح, باللغة البورمية

﴿إن فرعون علا في الأرض وجعل أهلها شيعا يستضعف طائفة منهم يذبح﴾ [القَصَص: 4]

Ba Sein
၄။ မှတ်သားကြလော့၊ ဖွာရောမင်းသည် မြေပေါ်၌ အထင်ကြီးထောင်လွှား၍ လူသားတို့အား အဆင့်အတန်းသီးခြား ခွဲခြား၏၊ လူမျိုးငယ်တစ်စုကို မတရားညှင်းဆဲ၏၊ ထိုလူတို့၏ မိန်းမသားများကို ချမ်းသာပေး၏၊ ယောက်ျားများကို သတ်ပစ်၏၊ မှတ်သားကြလော့၊ ထိုမင်းသည် တရားလက်လွတ်ပြုလုပ်သူတို့ဘာင်တွင် ပါဝင်၏။
Ghazi Mohammad Hashim
ဧကန်မလွဲ ဖစ်ရ်အောင်န်သည် တိုင်းပြည်တွင် လွန်စွာမောက်မာလာလေပြီ။ ထို့ပြင် ၎င်းသည် ထိုတိုင်းသူပြည်သားတို့အား အုပ်စုအသီးသီး(ဖြစ်အောင်) ပြုလုပ်၍ထားသည်။ ၎င်းသည် ထိုအုပ်စုများအနက် အုပ်စုတစ်ခုကို အားအင်လျော့နည်းပါးအောင် ပြုလုပ်ထားသည်။ ၎င်းတို့၏ သားယောက်ျားကလေးများကို သတ်ဖြတ်၍၊ ၎င်းတို့၏(သမီး) မိန်းကလေးများကိုမူကား သတ်ဖြတ်ခြင်းမပြုဘဲ အသက်နှင့်ထားသည်။ ဧကန်စင်စစ် ထိုဖစ်ရ်အောင်န်သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သူတစ်ဦးပင်။
Hashim Tin Myint
အမှန်စင်စစ် ဖိရ်‌အောင်န်သည် တိုင်းပြည်တွင် အလွန်‌မောက်မာလာပြီး သူသည် ထိုတိုင်းသူပြည်သားများအား အုပ်စုများခွဲ၍ ပြုလုပ်ထားသည်။ သူသည် ထိုအုပ်စုများထဲမှ အုပ်စုတစ်ခုကို အင်အား‌လျော့နည်း‌အောင် ပြုလုပ်ထားသည်။ သူတို့၏သား‌ယောက်ျား‌လေးများအား သတ်ဖြတ်၍ သူတို့၏(သမီး)မိန်းမများကိုမူ မသတ်ဘဲ အရှင်ထားသည်။ အမှန်စင်စစ် ဖိရ်‌အောင်န်သည် ဖျက်ဆီးသူတစ်ဦးဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek