Quran with Burmese translation - Surah Al-Qasas ayat 8 - القَصَص - Page - Juz 20
﴿فَٱلۡتَقَطَهُۥٓ ءَالُ فِرۡعَوۡنَ لِيَكُونَ لَهُمۡ عَدُوّٗا وَحَزَنًاۗ إِنَّ فِرۡعَوۡنَ وَهَٰمَٰنَ وَجُنُودَهُمَا كَانُواْ خَٰطِـِٔينَ ﴾
[القَصَص: 8]
﴿فالتقطه آل فرعون ليكون لهم عدوا وحزنا إن فرعون وهامان وجنودهما كانوا﴾ [القَصَص: 8]
Ba Sein ၈။ ဖွာရောမင်း၏ အိမ်သူအိမ်သားတို့သည် မူစာကို ဆယ်ယူမွေးမြူတော်မူကြ၏၊ ဤသို့ပြုခြင်းကား မိမိတို့၏ ရန်သူဖြစ်လာမည့်သူ၊ မိမိတို့ကို ဝမ်းနည်းစေမည့်သူ၊ ထိုသူအား မွေးမြူးခြင်းဖြစ်သည်၊ မှတ်သားကြလော့၊ ဖွာရောမင်း၊ အမတ်ဟာမန်နှင့်တကွ စစ်သည်တော်အားလုံးတို့သည် အမြဲအပြစ်ကျူးလွန်သူများဖြစ်ကြ၏။ |
Ghazi Mohammad Hashim ထို့နောက် ဖစ်ရ်အောင်န်၏ အိမ်သူအိမ်သားတို့သည် ထိုမူစာအား နောက်ဆုံးတွင် ထိုမူစာသည် မိမိတို့၏ရန်သူဖြစ်ရန်နှင့် (မိမိတို့အား) ပူဆွေးစေအံ့သောသူဖြစ်ရန် ကောက်ယူခဲ့ကြကုန်၏။ ဧကန်စင်စစ် ဖစ်ရ်အောင်န်သည်လည်းကောင်း၊ ဟာမာန်သည်လည်းကောင်း၊ ထိုဖစ်ရ်အောင်န်နှင့် ဟာမာန်၏ရဲမက်တို့သည်လည်းကောင်း၊ ပြစ်မှုကျူးလွန်သူများပင် ဖြစ်ခဲ့ကြကုန်၏။ |
Hashim Tin Myint ထို့နောက် ဖိရ်အောင်န်၏အိမ်သူအိမ်သားများသည် ထိုမူစာအား(နောက်ဆုံးတွင်) ၎င်း(မူစာ)သည် သူတို့၏ရန်သူဖြစ်ရန်နှင့် (သူတို့ကို)ပူဆွေးစေမည့်သူဖြစ်ရန် ကောက်ယူခဲ့ကြသည်။ အမှန်စင်စစ် ဖိရ်အောင်န်နှင့် ဟာမာန်အပြင် သူတို့နှစ်ဦး၏တပ်သားများသည် ပြစ်မှုကျူးလွန်သူများပင် ဖြစ်ခဲ့ကြသည်။ |