×

ထို့ပြင် (အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့၏တစ်ဆူတည်းသော ကိုးကွယ်ရာအရှင် ဖြစ်တော်မူပြီး သက်ရှိသက်မဲ့အရာခပ်သိမ်းတို့အနက်) ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာအရှင်ဟူ၍ အ လျှင်း မရှိသည့်သောကြောင့် အလ္လာဟ်အရှင်မြတ်နှင့်အတူ 28:88 Burmese translation

Quran infoBurmeseSurah Al-Qasas ⮕ (28:88) ayat 88 in Burmese

28:88 Surah Al-Qasas ayat 88 in Burmese (البورمية)

Quran with Burmese translation - Surah Al-Qasas ayat 88 - القَصَص - Page - Juz 20

﴿وَلَا تَدۡعُ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَۘ لَآ إِلَٰهَ إِلَّا هُوَۚ كُلُّ شَيۡءٍ هَالِكٌ إِلَّا وَجۡهَهُۥۚ لَهُ ٱلۡحُكۡمُ وَإِلَيۡهِ تُرۡجَعُونَ ﴾
[القَصَص: 88]

ထို့ပြင် (အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့၏တစ်ဆူတည်းသော ကိုးကွယ်ရာအရှင် ဖြစ်တော်မူပြီး သက်ရှိသက်မဲ့အရာခပ်သိမ်းတို့အနက်) ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာအရှင်ဟူ၍ အ လျှင်း မရှိသည့်သောကြောင့် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားမည်သည့်ကိုးကွယ်ရာကိုမျှပင် ဟစ်ခေါ် တသ၍ ဆုတောင်းခြင်း မပြုလေနှင့်။ ထိုအရှင်မြတ်မှတပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်း မရှိပေ။ ထိုအရှင်မြတ် (၏မျက်နှာတော်) ဇာတိတော်မှအပ အခြားအရာခပ်သိမ်းကုန်တို့သည် တိမ်ကောပျက်စီးဆုံးပါးမည့် အရာချည်း သာ ဖြစ်ကြ၏။ ထို့ပြင် (အရေးကိစ္စအလုံးစုံ၏စီရင်ဆုံးဖြတ်ခွင့်ဆိုင်ရာ) အမိန့်အာဏာသည်လည်း (အရာခပ်သိမ်းအတွက် နိယာမတရားနှင့်စည်းမျဉ်း တော်များချမှတ်ပေးအပ်တော်မူသော) ထိုအရှင်မြတ် (၏အမိန့်ပညတ် ချက်များနှင့်အညီ လိုက်နာကျင့်သုံးရန်) အတွက်သာဖြစ်ပြီး သင်တို့သည် ထိုအရှင်မြတ်ထံတော်သို့သာလျှင် ပြန်လည်ဦးလှည့်၍ ရောက်စေမူခြင်းခံရမည်သာတည်း။

❮ Previous Next ❯

ترجمة: ولا تدع مع الله إلها آخر لا إله إلا هو كل شيء, باللغة البورمية

﴿ولا تدع مع الله إلها آخر لا إله إلا هو كل شيء﴾ [القَصَص: 88]

Ba Sein
၈၈။ ထို့အပြင်သင်သည် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ မည်သည့်အရာကိုမျှ မကိုးကွယ်လင့်၊ အလ္လာဟ်အရှင်မြတ် မှတပါး အခြားအရှင်သခင်မရှိချေ၊ အရှင်မြတ်၏ မျက်နှာတော်မှတပါး ခပ်သိမ်းကုန်သောအရာဝထ္ထုတို့သည် အကုန်အစင်ပျက်စီးရမည်သာတည်း၊ တစ်ချက်လွှတ်အမိန့်တော်သည် အရှင်မြတ်၏အမိန့်တော်သာတည်း၊ အရှင်မြတ်ထံသို့ သင်တို့ကို ပြန်ပို့မည်သာတည်း။
Ghazi Mohammad Hashim
ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ မည်သည့်ကိုးကွယ်ရာကိုမျှပင် ဟစ်ခေါ် (တသ)ခြင်း မပြုပါလေနှင့်။ ထိုအရှင်မြတ်မှတပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ ထိုအရှင်မြတ်မှတစ်ပါး၊ အခြားအရာခပ်သိမ်းကုန်တို့သည် ပျက်စီးဆုံးပါးမည့် အရာချည်း သာဖြစ်ကုန်၏။ အမိန့်အာဏာ အလုံးစုံတို့သည် ထိုအရှင်မြတ်၌သာ ရှိကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်ပို့ပေးခြင်း ခံကြရကုန်အံ့သတည်း။
Hashim Tin Myint
ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ မည်သည့်ကိုးကွယ်ရာကိုမှ ဟစ်‌ခေါ်(အကူအညီ‌တောင်းခံခြင်း) မပြုပါနှင့်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ အရှင်မြတ်မှလွဲ၍ အခြားအရာအားလုံးသည် ပျက်စီးမည့်အရာများသာလျှင် ဖြစ်သည်။* အမိန့်အာဏာအားလုံးသည် အရှင်မြတ်၌ပင်ရှိသည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek