Quran with Burmese translation - Surah Al-‘Ankabut ayat 10 - العَنكبُوت - Page - Juz 20
﴿وَمِنَ ٱلنَّاسِ مَن يَقُولُ ءَامَنَّا بِٱللَّهِ فَإِذَآ أُوذِيَ فِي ٱللَّهِ جَعَلَ فِتۡنَةَ ٱلنَّاسِ كَعَذَابِ ٱللَّهِۖ وَلَئِن جَآءَ نَصۡرٞ مِّن رَّبِّكَ لَيَقُولُنَّ إِنَّا كُنَّا مَعَكُمۡۚ أَوَلَيۡسَ ٱللَّهُ بِأَعۡلَمَ بِمَا فِي صُدُورِ ٱلۡعَٰلَمِينَ ﴾
[العَنكبُوت: 10]
﴿ومن الناس من يقول آمنا بالله فإذا أوذي في الله جعل فتنة﴾ [العَنكبُوت: 10]
Ba Sein ၁ဝ။ လူသားတို့တွင် အကျွနု်ပ်တို့သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်ပါ၏ဟု ဆိုသူရှိ၏၊ သို့သော်အကယ်၍ ငါအလ္လာဟ်အရှင်မြတ်အတွက် သူ့အား အနစ်နာခံစေလျှင် သူသည် လူသားတို့၏ ညှင်းဆဲနှိပ်စက်မှုကို အလ္လာဟ် အရှင်မြတ်ပေးတော်မူသောအပြစ်ဒဏ်ဟု ထင်မှား၏၊ ထို့နောက်သင်၏ အရှင်သခင်အထံတော်မှ အောင်နိုင်ခြင်း ကျရောက်လာသောအခါ သူတို့က ရှင်မိုဟမ္မဒ်၊ အကျွနု်ပ်တို့သည် သင်နှင့်ထက်ကြပ်မကွာအတူတကွမုချရှိကြ၏၊ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်တို့၏ စိတ်နှလုံးအတွင်း ရှိရှိသမျှကို အကြွင်းမဲ့သိတော်မူသည် မဟုတ်လော။ |
Ghazi Mohammad Hashim လူတို့တွင် "ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ခဲ့ကြပါပြီ" ဟု ပြောဆိုသူများလည်း ရှိကြပေသည်။ သို့ရာတွင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်(၏လမ်းတော်၌) ဒုက္ခပေးခြင်းကို ခံခဲ့ကြရသောအခါ ၎င်းတို့သည် လူတို့၏ဒုက္ခပေးမှုကို အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ကဲ့သို့ပင် ထင်မှတ်ယူဆကြလေသည်။ သို့ရာတွင် အကယ်၍ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကူညီစောင်မမှု တစ်စုံတစ်ရာ ရောက်ရှိလာခဲ့သည်ရှိသော် ၎င်းတို့က ‘ကျွန်ုပ်တို့သည်လည်း ဧကန်အမှန် အသင်တို့နှင့် အတူရှိခဲ့ကြပေသည်’ ဟု မုချဧကန် ပြောဆိုကြ ကုန်၏။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာသူကမ္ဘာသား ခပ်သိမ်းတို့၏စိတ်နှလုံးများအတွင်း ရှိသည်တို့ကို အသိတော်မူဆုံးပင် မဟုတ်ပါလော။ |
Hashim Tin Myint ထို့ပြင် လူများထဲတွင် “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခဲ့ကြပါပြီ“ဟု ပြောဆိုသူများလည်း ရှိကြသည်။ ထို့နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ဒုက္ခပေးခြင်းကိုခံခဲ့ကြရသည့်အခါ သူတို့က လူများ၏ဒုက္ခပေးခြင်းကို အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်ကဲ့သို့ မှတ်ယူကြသည်။ ထို့ပြင် အကယ်၍ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ အကူအညီတစ်စုံတစ်ခု ရောက်လာခဲလျှင် သူတို့က “ကျွန်ုပ်တို့သည်လည်း အမှန်ပင် အသင်တို့နှင့်အတူ ရှိခဲ့ကြသည်“ဟု အမှန်ပင် ပြောဆိုကြသည်။ အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအားလုံး(တွင်ရှိသည့်လူများ)၏ စိတ်နှလုံးများထဲတွင်ရှိသည်များကို အသိဆုံးအရှင်ပင် မဟုတ်လော။ |