Quran with Burmese translation - Surah Al-‘Ankabut ayat 20 - العَنكبُوت - Page - Juz 20
﴿قُلۡ سِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ بَدَأَ ٱلۡخَلۡقَۚ ثُمَّ ٱللَّهُ يُنشِئُ ٱلنَّشۡأَةَ ٱلۡأٓخِرَةَۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ﴾
[العَنكبُوت: 20]
﴿قل سيروا في الأرض فانظروا كيف بدأ الخلق ثم الله ينشئ النشأة﴾ [العَنكبُوت: 20]
| Ba Sein ၂ဝ။ တမန်တော်မိုဟမ္မဒ်၊ သင်ဟောကြားလော့၊ ဟယ်-အချင်းတို့၊ သင်တို့သည် ကမ္ဘာမြေပေါ်ဝယ် လှည့်လည် သွားလာ၍ အရှင်မြတ်သည် ဖန်ဆင်းမှုကို မည်သို့စတင်စီရင်တော်မူသည်၊ နောင်ကိုလည်း မည်သို့ထပ်မံဖန်ဆင်း တော်မူသည်တို့ကို ကြည့်ရှုလော့၊ အလ္လာဟ်အရှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူ၏။ |
| Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့သည် ကမာ္ဘမြေတွင် လှည့်လည်သွားလာ၍ အရှင်မြတ်သည် အဖန်ဆင်းခံများအား မည်သို့ စတင်ဖန်ဆင်းတော်မူခဲ့သနည်းဆိုသည်ကို ကြည်ရှုလေ့လာကြပါ။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် နောက်တစ်ကြိမ် ထပ်မံ၍ ဖန်ဆင်းတော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအပေါ်တွင် အလွန်စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်။ |