×

ဧကန်ပင်၊ ငါအရှင်မြတ်သည် သူတို့အလျင် ရှိခဲ့ကြသော သူတို့ကိုလည်း စမ်းသပ်တော်မူခဲ့၏။ (ထိုသို့ စမ်းသပ်တော်မူခြင်းသည် အရှင့်စည်းမျဉ်းတော်ပင်ဖြစ်၏။ သို့ဖြစ်ပေရာ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် 29:3 Burmese translation

Quran infoBurmeseSurah Al-‘Ankabut ⮕ (29:3) ayat 3 in Burmese

29:3 Surah Al-‘Ankabut ayat 3 in Burmese (البورمية)

Quran with Burmese translation - Surah Al-‘Ankabut ayat 3 - العَنكبُوت - Page - Juz 20

﴿وَلَقَدۡ فَتَنَّا ٱلَّذِينَ مِن قَبۡلِهِمۡۖ فَلَيَعۡلَمَنَّ ٱللَّهُ ٱلَّذِينَ صَدَقُواْ وَلَيَعۡلَمَنَّ ٱلۡكَٰذِبِينَ ﴾
[العَنكبُوت: 3]

ဧကန်ပင်၊ ငါအရှင်မြတ်သည် သူတို့အလျင် ရှိခဲ့ကြသော သူတို့ကိုလည်း စမ်းသပ်တော်မူခဲ့၏။ (ထိုသို့ စမ်းသပ်တော်မူခြင်းသည် အရှင့်စည်းမျဉ်းတော်ပင်ဖြစ်၏။ သို့ဖြစ်ပေရာ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (ယုံကြည်မှုကို ထုတ်ဖော်ရာ၌) ဖြောင့်မတ်မှန်ကန်ဖြင့် သက်သေပြခဲ့သူတို့အား (ခွဲခြားသိမြင်နိုင်အောင်) စည်းသားတော် မူပြီး (အမှန်တရားအား) မဟုတ်မတရားမမှန်မကန် လိမ်လည်စွပ်စွဲကြသော မုသာဝါဒီတို့ကိုလည်း (ခွဲခြားသိမြင်နိုင်အောင်) စည်းသားတော်မူလိမ့်မည်။

❮ Previous Next ❯

ترجمة: ولقد فتنا الذين من قبلهم فليعلمن الله الذين صدقوا وليعلمن الكاذبين, باللغة البورمية

﴿ولقد فتنا الذين من قبلهم فليعلمن الله الذين صدقوا وليعلمن الكاذبين﴾ [العَنكبُوت: 3]

Ba Sein
၃။ မှတ်သားကြလော့၊ ငါသည် သင်တို့ထက်ရှေးကျသောလူဟောင်းများကို စုံစမ်းတော်မူ၏၊ ဤနည်းအားဖြင့် အလ္လာဟ်အရှင်မြတ်သည် ဟုန်မဆောင်သူများနှင့် ယုံကြည်ဟန်ဆောင်သူများကို ခြားနားသိတော်မူ၏။
Ghazi Mohammad Hashim
စင်စစ်သော်ကား မချွတ်မလွဲ ငါအရှင်မြတ်သည် ၎င်းတို့အလျင် ရှိခဲ့ကြကုန်သော သူတို့အား စမ်းသပ်တော်မူခဲ့၏။ သို့ဖြစ်ပေရာ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်စွာပြောဆိုကြသော သူတို့အား ခွဲခြားသိမြင်အောင် ပြုလုပ်တော်မူပေမည်။ ထိုမှတစ်ပါး ဧကန်မုချ ထိုအရှင်မြတ်သည် မုသာဝါဒီတို့အားလည်း ခွဲခြားသိမြင်အောင် ပြုလုပ်တော်မူပေမည်။
Hashim Tin Myint
ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့မတိုင်မီက သူများကိုလည်း စမ်းသပ်‌တော်မူခဲ့သည်။* သို့ဖြစ်ရာ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်စွာ ‌ပြောဆိုကြ‌သောသူများကို ‌ပေါ်လွင်ထင်ရှား သိသာ‌စေနိုင်‌အောင် ပြုလုပ်‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အမှန်ပင် ထိုအရှင်မြတ်သည် မုသားလိမ်လည်သူများကိုလည်း ခွဲခြားသိမြင်နိုင်‌အောင် ပြုလုပ်‌တော်မူမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek