Quran with Burmese translation - Surah Al-‘Ankabut ayat 32 - العَنكبُوت - Page - Juz 20
﴿قَالَ إِنَّ فِيهَا لُوطٗاۚ قَالُواْ نَحۡنُ أَعۡلَمُ بِمَن فِيهَاۖ لَنُنَجِّيَنَّهُۥ وَأَهۡلَهُۥٓ إِلَّا ٱمۡرَأَتَهُۥ كَانَتۡ مِنَ ٱلۡغَٰبِرِينَ ﴾
[العَنكبُوت: 32]
﴿قال إن فيها لوطا قالوا نحن أعلم بمن فيها لننجينه وأهله إلا﴾ [العَنكبُوت: 32]
Ba Sein ၃၂။ ထိုအခါအေဗရာဟမ်က မှတ်သားကြလော့၊ တမန်တော်လွဒ်သည် ထိုအရပ်တွင်ရှိ၏ဟု ပြော၏၊ ကောင်းကင် တမန်တော်တို့ပြန်ပြောသည်မှာ တမန်တော်၊ အကျွနု်ပ်တို့သည် သူ၏မိန်းမမှတပါး သူနှင့်တကွ သူ့အိမ်သူ အိမ်သားတို့ကို ကယ်တင်ကြရပါမည်၊ သူ၏မိန်းမသည် ထိုအရပ်တွင် ကျန်ရစ်သူတို့အထဲတွင် ပါဝင်ပါ၏ဟု ပြော၏။ |
Ghazi Mohammad Hashim (ထိုအခါ)ထိုအိဗ်ရာဟီမ်က ထိုမြို့ရွာ၌ (နဗီတမန်တော်) ‘လူ(တ်)’သည်(လည်း) ရှိနေပေသည်ဟု ပြောကြားခဲ့လေရာ ထိုစေတမန်တို့က ပြောဆိုဖြေကြားခဲ့သည်မှာ ထိုမြို့ရွာ၌ မည်သူတို့ နေထိုင်ကြသည်ကို ကျွန်ုပ်တို့သည် ကောင်းစွာသိရှိကြပေသည်။ အမှန်ပင် ကျွန်ုပ်တို့သည် ‘လူ(တ်)’ ၏ဇနီးမှအပ ထို ‘လူ(တ်)’ နှင့်တကွ ၎င်း၏အိမ်သူအိမ်သား သက်ဆိုင်သူများကိုပါ ကယ်ဆယ်ကြပေမည်။ ထို[‘လူ(တ်)]၏ဇနီးမှာမူကား ကျန်ရစ်သူတို့တွင် အပါအဝင်ဖြစ်ပေမည်ဟု ပြောကြားခဲ့ကြကုန်၏။ |
Hashim Tin Myint ၎င်းက ပြောဆိုသည်- အမှန်စင်စစ် ထိုအထဲတွင် (တမန်တော်)လူသွ်ရှိနေသည်။ (ကောင်းကင်)စေတမန်များက ပြောဆိုကြသည်- ထိုအထဲတွင် မည်သူရှိနေသည်ကို ကျွန်ုပ်တို့ ပိုသိကြသည်။ အမှန်ပင် ကျွန်ုပ်တို့သည် (ပြစ်ဒဏ်ခံရန်)ကျန်ရစ်သူများထဲတွင် အပါအဝင်ဖြစ်မည့် (တမန်တော်)လူသွ်၏ဇနီးမှလွဲ၍ ၎င်း၏အိမ်သူအိမ်သား(သက်ဆိုင်သူ)များကို ကယ်ဆယ်ကြမည်ဖြစ်သည်။ |