Quran with Burmese translation - Surah Al-‘Ankabut ayat 36 - العَنكبُوت - Page - Juz 20
﴿وَإِلَىٰ مَدۡيَنَ أَخَاهُمۡ شُعَيۡبٗا فَقَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ وَٱرۡجُواْ ٱلۡيَوۡمَ ٱلۡأٓخِرَ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ ﴾
[العَنكبُوت: 36]
﴿وإلى مدين أخاهم شعيبا فقال ياقوم اعبدوا الله وارجوا اليوم الآخر ولا﴾ [العَنكبُوت: 36]
Ba Sein ၃၆။ ထို့အပြင်မဒယန်မြို့သူမြို့သားတို့ထံ သူတို့၏သားချင်းတမန်တော်ရှုအိုက်ဗ်ကို ငါစေလွှတ်တော်မူ၏၊ သူဟောကြား သည်မှာ ဟယ်-အချင်းတို့၊ အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်ကြလော့၊ နောက်ဆုံးနေ့တော်ကြီးကို မျှော်လင့် ကြလော့၊ မြေပေါ်၌ ပျက်စီးမှုများပြားသောအကုသိုလ်မကောင်းမှုကို မပြုကြလင့်ဟု ပြော၏။ |
Ghazi Mohammad Hashim ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်မြို့(သားတို့)ထံသို့ ၎င်းတို့၏နောင်တော် ရှုအိုက်ဗ် အား(နဗီတမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏။) သို့ဖြစ်ပေရာ ထို’ရှုအိုက်ဗ်’ က ‘အို-ငါ၏အမျိုးသားတို့။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ကြလေကုန်။၎င်းပြင် အသင်တို့ သည် နောက်ဆုံးနေ့ကို စိုးရိမ်ကြလေကုန်။ထိုမှတပါး အသင်တို့သည် ဖျက်ဆီးသူများအဖြစ် တိုင်းပြည်တွင်သောင်းကျန်းမှု မပြုလုပ်ကြကုန်လင့်’ဟု ပြောကြားခဲ့၏။ |
Hashim Tin Myint ထို့ပြင် မဒ်ယန်မြို့သားများထံသို့ သူတို့၏နောင်တော်(တမန်တော်)ရှုအိုင်ဗ်ကို (စေလွှတ်တော်မူခဲ့သည်)။ သို့ဖြစ်ရာ ၎င်းကပြောခဲ့သည်- အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ကြပါ။ ထို့ပြင် အသင်တို့သည် နောက်ဆုံးနေ့ကို ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ဖျက်ဆီးသူများအဖြစ် တိုင်းပြည်တွင် (လှည့်လည်)သောင်းကျန်းမှု မပြုလုပ်ကြနှင့်။ |