Quran with Burmese translation - Surah Al-‘Ankabut ayat 37 - العَنكبُوت - Page - Juz 20
﴿فَكَذَّبُوهُ فَأَخَذَتۡهُمُ ٱلرَّجۡفَةُ فَأَصۡبَحُواْ فِي دَارِهِمۡ جَٰثِمِينَ ﴾
[العَنكبُوت: 37]
﴿فكذبوه فأخذتهم الرجفة فأصبحوا في دارهم جاثمين﴾ [العَنكبُوت: 37]
Ba Sein ၃၇။ သို့သော်ထိုမြို့နေလူတို့သည် တမန်တော်ကို မယုံကြည်ငြင်းဆန်ကြ၏၊ ထိုအခါအလွန်ပြင်းထန်ကြောက်မက်ဖွယ် သောမြေငလျင်လှုပ်၏၊ နံနက်မိုးသောက်သောအခါ ထိုသူတို့အား မိမိတို့တိုက်တာအိမ်ရာအတွင်း၌ ကျွမ်းထိုး မှောက်ခုံသေကြေပျက်စီးလျက် တွေ့ရ၏။ |
Ghazi Mohammad Hashim သို့ရာတွင် ၎င်းတို့သည် ထို’ရှုအိုက်ဗ်’အားမဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ မြေငလျင်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်ခဲ့လေရာ၊ ၎င်းတို့မှာ မိမိတို့နေအိမ်များ၌ မှောက်လျက်လဲနေသူများပင် ဖြစ်ခဲ့ကြကုန်သတည်း။ |
Hashim Tin Myint ထို့နောက် သူတို့သည် ၎င်း(တမန်တော်)ရှုအိုင်ဗ်အား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ မြေငလျင်သည် သူတု့ိအား ဖမ်းဆီးကွပ်မျက်ခဲ့သည့်အတွက် သူတို့သည် သူတို့၏နေအိမ်များတွင် မှောက်လျက်သား (သေကြေပျက်စီး)လဲကျနေသူများ ဖြစ်ခဲ့ကြသည်။ |