Quran with Burmese translation - Surah Al-‘Ankabut ayat 38 - العَنكبُوت - Page - Juz 20
﴿وَعَادٗا وَثَمُودَاْ وَقَد تَّبَيَّنَ لَكُم مِّن مَّسَٰكِنِهِمۡۖ وَزَيَّنَ لَهُمُ ٱلشَّيۡطَٰنُ أَعۡمَٰلَهُمۡ فَصَدَّهُمۡ عَنِ ٱلسَّبِيلِ وَكَانُواْ مُسۡتَبۡصِرِينَ ﴾
[العَنكبُوت: 38]
﴿وعادا وثمود وقد تبين لكم من مساكنهم وزين لهم الشيطان أعمالهم فصدهم﴾ [العَنكبُوت: 38]
Ba Sein ၃၈။ ထို့အပြင်အားဒ်နှင့် စမုဒ်လူမျိုးစုများ သူတို့၏ ကြွင်းကျန်ယိုယွင်းသောအဆောက်အအုံများမှ သူတို့သည် အဘယ်ဘဝသို့ ဆိုက်ရောက်ကြသည်ကို သင်တို့ကောင်းစွာသိနိုင်၏၊ ရှိုင်တန်မာရ်နတ်သည် သူတို့အား မိမိတို့ ပြကျင့်မှုများကို အကောင်းထင်မှတ်စေ၏၊ လမ်းမှန်မှ တားဆီးထား၏၊ ထိုသူများသည် ဉာာဏ်ပညာထက်မြက် သော်လည်း လှည့်စားခြင်းကို ခံကြရ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) ‘အာဒ်’ အမျိုးသားတို့အားလည်းကောင်း၊ ‘ဆမူဒ်’ အမျိုးသားတို့အားလည်းကောင်း၊ (ကွပ်မျက်ဖျက်ဆီးတော်မူခဲ့၏၊) ထို့ပြင် မချွတ်မလွဲ(၎င်းတို့ကွပ်မျက်ခြင်းခံခဲ့ရသည်မှာ) အသင်တို့အဖို့ ၎င်းတို့၏နေအိမ်များကို (ကြည့်ရှုလေ့လာခြင်း)ဖြင့် ထင်ရှားခဲ့လေပြီ။စင်စစ်သော်ကား ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့၏လုပ်ကိုင် ဆောင်ရွက်ချက်များကို ၎င်းတို့၏အမြင်၌ တင့်တယ်လှပအောင် ပြုလုပ်ပြီးလျှင် ၎င်းတို့အား (မှန်ကန်သောတရား)လမ်းမှ တားဆီးပိတ်ပင်ခဲ့လေ၏။ စင်စစ် ၎င်းတို့မှာ အသိအမြင်ရှိသောသူများပင် ဖြစ်ခဲ့ကြကုန်၏။ |
Hashim Tin Myint ထို့ပြင် အာဒ်အမျိုးသားများနှင့် ဆမူဒ်အမျိုးသားများကိုလည်း (ဖမ်းဆီးကွပ်မျက်တော်မူခဲ့သည်)။ ထို့ပြင် အမှန်စင်စစ် အသင်တို့အတွက် သူတို့၏နေအိမ်များ(ကို ကြည့်ရှုလေ့လာခြင်းဖြင့် သူတို့ပြစ်ဒဏ်ပေးခြင်းခံခဲ့ရကြောင်း) ထင်ရှားခဲ့ပြီဖြစ်သည်။ ထို့ပြင် ရှိုင်သွာန်သည် သူတို့၏(ကုဖ်ရ်)လုပ်ရပ်များကို သူတို့၏အမြင်တွင် လှပတင့်တယ်အောင် ပြုလုပ်ပြီး သူတို့အား (အီမာန်တည်းဟူသော မှန်ကန်သည့်)လမ်းမှ တားဆီးပိတ်ပင်ခဲ့သည်။ ထို့ပြင် (အမှန်စင်စစ်) သူတို့သည် အမြင်ကျယ်သည့်သူများပင်ဖြစ်ခဲ့ကြသည်။ |