×

ထို့ပြင် (တမန်တော်မြတ်နှင့်ပတ်သက်၍) သူတို့က ''သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ သူ့အပေါ်တွင် အံ့ဖွယ်တန်ခိုး သက်သေလက္ခဏာတော်များ အ ဘယ်ကြောင့် ချမှတ်ပေးအပ်တော်မူခြင်း 29:50 Burmese translation

Quran infoBurmeseSurah Al-‘Ankabut ⮕ (29:50) ayat 50 in Burmese

29:50 Surah Al-‘Ankabut ayat 50 in Burmese (البورمية)

Quran with Burmese translation - Surah Al-‘Ankabut ayat 50 - العَنكبُوت - Page - Juz 21

﴿وَقَالُواْ لَوۡلَآ أُنزِلَ عَلَيۡهِ ءَايَٰتٞ مِّن رَّبِّهِۦۚ قُلۡ إِنَّمَا ٱلۡأٓيَٰتُ عِندَ ٱللَّهِ وَإِنَّمَآ أَنَا۠ نَذِيرٞ مُّبِينٌ ﴾
[العَنكبُوت: 50]

ထို့ပြင် (တမန်တော်မြတ်နှင့်ပတ်သက်၍) သူတို့က ''သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ သူ့အပေါ်တွင် အံ့ဖွယ်တန်ခိုး သက်သေလက္ခဏာတော်များ အ ဘယ်ကြောင့် ချမှတ်ပေးအပ်တော်မူခြင်း မခံသနည်း။''ဟု မေးမြန်းကြ၏။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) အာယသ်သက်သေလက္ခဏာတော်များသည် အလ္လာဟ်အရှင်မြတ် (၏ဆန္ဒတော်နှင့်တန်ခိုးတော်ဆိုင်ရာ အချုပ်အခြာအာဏာ) ၌သာရှိပြီး ကျွန်ုပ်သည်ကား (ကျွန်ုပ်၏ဆန္ဒအလျှောက် လုပ်နိုင်စွမ်း မရှိဘဲ အရှင်မြတ်ချမှတ် ပေးသမျှကိုသာ) မြင်သာထင်ရှားစွာ သတိပေးနှိုးဆော်သူ တစ်ဦးမျှသာ ဖြစ်၏။” ဟု ဟောပြောလော့။

❮ Previous Next ❯

ترجمة: وقالوا لولا أنـزل عليه آيات من ربه قل إنما الآيات عند الله, باللغة البورمية

﴿وقالوا لولا أنـزل عليه آيات من ربه قل إنما الآيات عند الله﴾ [العَنكبُوت: 50]

Ba Sein
၅ဝ။ ထို့အပြင်၎င်းမိစ္ဆာမိုက်တို့က သူ၏အရှင်သခင်သည် သူ့အား အဘယ်ကြောင့်နိမိတ်လက္ခဏာအ့ံဖွယ်တော်များကို ချပေးတော်မမူသနည်းဟု ဆိုကြ၏၊ တမန်တော် သင်ဟောကြားလော့၊ ဟယ်-အချင်းတို့၊ နိမိတ်လက္ခဏာအ့ံဖွယ် သရဲတော်များသည် အလ္လာဟ်အရှင်မြတ်၌သာ ရှိ၏၊ အကျွနု်ပ်မှာမူကား တရားဟောသတိပေးသူတမန်တော် ရိုးရိုးသာဖြစ်၏။
Ghazi Mohammad Hashim
ထိုမှတစ်ပါး ၎င်းတို့က "အဘယ်ကြောင့် ဤ(တမန်တော်)၏အပေါ်၌ သက်သေလက္ခဏာများ ကျရောက်လာခြင်း မရှိပါသနည်း"ဟု ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) ပြောကြားပါလေ။(အချင်းတို့) သက်သေလက္ခဏာများသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင်း၌သာရှိကုန်၏။ စင်စစ်မှာကား ငါသည် ထင်ရှားစွာ သတိပေးနှိုးဆော်သူ တစ်ဦးမျှသာ ဖြစ်ပေသည်။
Hashim Tin Myint
ထို့ပြင် သူတို့က “အဘယ့်‌ကြောင့် ဤ(တမန်‌တော်)၏အ‌ပေါ်တွင် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ သက်သလက္ခဏာများ ကျ‌ရောက်မလာသနည်း“ဟု ‌ပြောဆိုကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- သက်‌သေလက္ခဏာများသည် အလ္လာဟ်အရှင်မြတ်၏လက်‌တော်ထဲ၌ပင် ရှိသည်။ ထို့ပြင် ငါသည် ထင်ရှားစွာ သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးသာဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek