Quran with Burmese translation - Surah Al-‘Ankabut ayat 51 - العَنكبُوت - Page - Juz 21
﴿أَوَلَمۡ يَكۡفِهِمۡ أَنَّآ أَنزَلۡنَا عَلَيۡكَ ٱلۡكِتَٰبَ يُتۡلَىٰ عَلَيۡهِمۡۚ إِنَّ فِي ذَٰلِكَ لَرَحۡمَةٗ وَذِكۡرَىٰ لِقَوۡمٖ يُؤۡمِنُونَ ﴾
[العَنكبُوت: 51]
﴿أو لم يكفهم أنا أنـزلنا عليك الكتاب يتلى عليهم إن في ذلك﴾ [العَنكبُوت: 51]
Ba Sein ၅၁။ သူတို့အား ရွတ်ဖတ်ပြသောကုရ်အာန်ကျမ်းတော်ကို သင့်အား ထုတ်ပြန်ချပေးသနားတော်မူခြင်သည် ထိုမိစ္ဆာ များအဖို့အရာ လုံလောက်သောနိမိတ်လက္ခဏာအ့ံဖွယ်တော်မဟုတ်ချေလော၊ မှတ်သားကြလော့၊ ဤကျမ်းတော် မြတ်သည် ကောင်းကြီးမင်္ဂလာတော်ဖြစ်၏၊ ယုံကြည်သူအပေါင်းတို့အား သတိပေးအဆုံးအမတရားတော်ဖြစ်၏။ |
Ghazi Mohammad Hashim ငါအရှင်မြတ်သည် ၎င်းတို့၏ရှေ့ဝယ် ဖတ်ကြားခြင်းခံရလျက်ရှိသော (ကုရ်အာန်)ကျမ်းမြတ်ကို အသင့်အပေါ်၌ ချပေးသနားတော်မူခဲ့ခြင်း သည်ပင်လျှင် ၎င်းတို့အဖို့ လုံလောက်ပြီ မဟုတ်ပါလော။ ဤသည့် (ကျမ်းမြတ်)၌ သက်ဝင်ယုံကြည်သူတို့အဖို့ ကရုဏာတော်သည်လည်းကောင်း၊ အဆုံးအမသည်လည်းကောင်း၊ အမှန်ပင် ရှိပေသည်။ |
Hashim Tin Myint သူတို့ရှေ့၌ ဖတ်ကြားခြင်းခံရသော (ကုရ်အာန်)ကျမ်းတော်မြတ်ကို ငါအရှင်မြတ်သည် အသင်၏အပေါ်တွင် အမှန်စင်စစ် ချပေးတော်မူခဲ့ခြင်းသည် သူတို့အတွက် (သက်သေလက္ခဏာအဖြစ်)မလုံလောက်လေသလော။ ထိုအထဲတွင် ယုံကြည်သူများအတွက် ကရုဏာနှင့် ဆုံးမဩဝါဒ အမှန်ပင်ရှိသည်။ |