Quran with Burmese translation - Surah Al-‘Ankabut ayat 61 - العَنكبُوت - Page - Juz 21
﴿وَلَئِن سَأَلۡتَهُم مَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَ لَيَقُولُنَّ ٱللَّهُۖ فَأَنَّىٰ يُؤۡفَكُونَ ﴾
[العَنكبُوت: 61]
﴿ولئن سألتهم من خلق السموات والأرض وسخر الشمس والقمر ليقولن الله فأنى﴾ [العَنكبُوت: 61]
Ba Sein ၆၁။ တမန်တော်၊ သင်သည် အယူမှားသူတို့အား ဟယ်-အချင်းတို့၊ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အဘယ်သူ ဖန်ဆင်းသနည်း၊ နေနှင့်လတို့အား မိမိတို့သက်ဆိုင်ရာဝတ္တရားကို အဘယ်သူဆောင်ရွက်စေသနည်းဟု မေးခဲ့လျှင် သူတို့က အလ္လာဟ်အရှင်မြတ်ဟု ဖြေဆိုကြလတံ့၊ သို့ပါလျက်သူတို့သည် သစ္စာတရားတော်ကို ကျောပေးသွားရန် လှည့်စားခြင်းကို အဘယ်သို့ခံကြသနည်း။ |
Ghazi Mohammad Hashim စင်စစ်သော်ကား အကယ်၍ အသင်သည် ထိုသူတို့အား "မည်သူသည် မိုးကောင်းကင်များကို လည်းကောင်း၊ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းခဲ့သနည်း၊ ထိုနည်းတူစွာ မည်သူသည် လေကိုလည်းကောင်း၊ လကိုလည်းကောင်း၊ ပိုင်နိုင်စွာ ခိုင်းစေသနည်း"ဟု မေးမြန်းခဲ့ပါလျှင် ၎င်းတို့သည် ‘အလ္လာဟ်အရှင်မြတ်’ဟူ၍ပင် ဧကန်မလွဲ ပြောဆိုကြပေမည်။ သို့ပါလျက် ၎င်းတို့သည် (အလ္လာဟ်အရှင်မြတ် တစ်ဆူတည်း ဖြစ်တော်မူကြောင်းကို ယုံကြည်လက်ခံခြင်းမပြုဘဲ) အဘယ်သို့ လှည့်သွားကုန်ကြသနည်း။ |
Hashim Tin Myint ထို့ပြင် အကယ်၍ အသင်တို့သည် သူတို့အား “မည်သူသည် ကောင်းကင်များနှင့် မြေပထဝီကို ဖန်ဆင်းတော်မူခဲ့သနည်း၊ ထို့ပြင် မည်သူသည် နေနှင့်လကို အမိန့်နာခံခိုင်းခဲ့သနည်း“ဟု မေးလျှင် သူတို့က “အလ္လာဟ်အရှင်မြတ်“ပင်ဟု အမှန်စင်စစ် ပြောဆိုကြမည်။ ထို့နောက် (ထိုသို့အဖြေပေးပြီးနောက် ဆက်လက်ယုံကြည်လက်ခံသင့်သည့် အချက်အလက်များကို မယုံကြည်ဘဲ)သူတို့သည် မည်သည့်နေရာမှ အလှည့်စားခံလိုက်ရသနည်း။ (အဘယ်သို့ လှည့်သွားကြသနည်း)။ |