Quran with Burmese translation - Surah Al-‘Ankabut ayat 62 - العَنكبُوت - Page - Juz 21
﴿ٱللَّهُ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ مِنۡ عِبَادِهِۦ وَيَقۡدِرُ لَهُۥٓۚ إِنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمٞ ﴾
[العَنكبُوت: 62]
﴿الله يبسط الرزق لمن يشاء من عباده ويقدر له إن الله بكل﴾ [العَنكبُوت: 62]
Ba Sein ၆၂။ အလ္လာဟ်အရှင်မြတ်သည် မိမိကျေးကျွန်တို့အနက် ရိက္ခာအစားအစာကို ပေါများကျယ်ဝန်းစေလိုတော်မူသူအဖို့ ပေါများကျယ်ဝန်းစေတော်မူ၏၊ ရိက္ခာအစားအစာကိုလည်း ကျဉ်းကျပ်နည်းပါးစေလိုတော်မူသောသူအဖို့ နည်းပါး စေတော်မူ၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းကုန်သောအရာအပေါင်းတို့ကို အကြွင်းမဲ့ သိတော်မူ၏။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ဝန်းစွာ ချီးမြှင့် ပေးသနားတော်မူ၏။ ထိုနည်းတူစွာ ထိုအလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား တိုင်းထွာ၍ပေးတော်မူ၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည်။ |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များထဲမှ အရှင်မြတ်အလိုရှိတော်မူသောသူကို စားနပ်ရိက္ခာကျယ်ဝန်းစွာ ပေးသနားတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူကို ကျပ်တည်းစွာ ပေးတော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တော်မူသည်။ |