×

အကယ်၍ အသင် (တမန်တော်) သည် သူတို့အား “ကောင်းကင်ယံမှ မိုးရေကို သွန်းချစေ၍ ထိုရေဖြင့် မြေကမ္ဘာရှိ (မြေသေမြေရိုင်းများနှင့်ခြောက်သွေ့နေသော မြက်ပင်ပေါက်ပင်များအား) 29:63 Burmese translation

Quran infoBurmeseSurah Al-‘Ankabut ⮕ (29:63) ayat 63 in Burmese

29:63 Surah Al-‘Ankabut ayat 63 in Burmese (البورمية)

Quran with Burmese translation - Surah Al-‘Ankabut ayat 63 - العَنكبُوت - Page - Juz 21

﴿وَلَئِن سَأَلۡتَهُم مَّن نَّزَّلَ مِنَ ٱلسَّمَآءِ مَآءٗ فَأَحۡيَا بِهِ ٱلۡأَرۡضَ مِنۢ بَعۡدِ مَوۡتِهَا لَيَقُولُنَّ ٱللَّهُۚ قُلِ ٱلۡحَمۡدُ لِلَّهِۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡقِلُونَ ﴾
[العَنكبُوت: 63]

အကယ်၍ အသင် (တမန်တော်) သည် သူတို့အား “ကောင်းကင်ယံမှ မိုးရေကို သွန်းချစေ၍ ထိုရေဖြင့် မြေကမ္ဘာရှိ (မြေသေမြေရိုင်းများနှင့်ခြောက်သွေ့နေသော မြက်ပင်ပေါက်ပင်များအား) သေကျေပျက်စီးပြီးမှ အသစ်တစ်ဖန် ရှင်သန်လန်းဆန်းစေတော်သောအရှင်မှာ မည်သူနည်း။'' ဟု မေးမြန်းလျှင် သူတို့က ''အလ္လာဟ်အရှင်မြတ်ပင် ဖြစ်၏။” ဟု ဧကန်မလွဲ၊ ပြောဆိုကြပေမည်။ (အို၊ ရစူလ်တမန်တော်သူတို့အား “ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှုဟူသမျှသည် (ချီးမွမ်းဖွယ် ကျေးဇူးတင်ဖွယ်ကောင်းသော အရာဟူသမျှကို ဖွဲ့စည်းဖြစ်တည်စေတော်မူသော) အလ္လာဟ်အရှင်မြတ်သာလျှင် ထိုက်တန်တော်မူသော်လည်း (လူသား) အများစုမှာမူ (ဆင်ခြင်တုံတရားသုံး၍) တွေးခေါ်ဆင်ခြင်သုံးသပ်ကြသည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: ولئن سألتهم من نـزل من السماء ماء فأحيا به الأرض من بعد, باللغة البورمية

﴿ولئن سألتهم من نـزل من السماء ماء فأحيا به الأرض من بعد﴾ [العَنكبُوت: 63]

Ba Sein
၆၃။ တမန်တော်၊ သင်သည် သူတို့အား မိုးကောင်းကင်မှ မိုးရွာသွန်းစေခြင်း၊ ထိုမိုးရေအားဖြင့် သွေ့ခြောက်နေသော မြေသေကို တဖန်စိမ်းစိမ်းစိုစိုအသက်ဝင်လာစေခြင်းတို့ကို အဘယ်သူပြုလုပ်သနည်းဟု မေးလျှင် သူတို့က မုချဧကန်အလ္လာဟ်အရှင်မြတ်ဟု ဖြေဆိုလတ့ံ၊ အလ္လာဟ်အရှင်မြတ်သည် အ့ံချီးမဆုံးဖြစ်တော်မူပါ၏ဟု သင် ချီးကျူးလော့၊ သို့သော်သူတို့အနက် များလှစွာသောသူတို့၌ ဉာာဏ်ပညာမရှိကြချေ။
Ghazi Mohammad Hashim
ထိုမှတစ်ပါး အကယ်၍ အသင်သည် ၎င်းတို့အား မည်သူသည် မိုးကောင်းကင်မှမိုးရေကို ရွာသွန်းစေသနည်း၊ တဖန် သေပြီးသော(ဝါ)ခြောက်သွေ့ လျက်ရှိပြီးနောက် ပထဝီမြေကို ထိုမိုးမြေဖြင့် မည်သူရှင်စေခဲ့သနည်း၊ (ဝါ) စိမ်းလန်းစိုပြေစေခဲ့သနည်း၊ ဟု မေးမြန်းခဲ့ပါလျှင်လည်း ၎င်းတို့သည် "အလ္လာဟ်အရှင်မြတ်" ဟူ၍ပင် ဧကန်မလွဲ ပြောဆိုကြပေမည်။ အို-နဗီတမန်တော် အသင်သည်ပြောပါလေ (အချင်းတို့၊) ချီးမွမ်းထောပနာအပေါင်းတို့ကို အလ္လာဟ်အရှင်မြတ်သာလျှင် ခံယူထိုက်တော်မူ၏။ သို့ရာတွင် ၎င်းတို့အနက် အများဆုံးသော သူတို့မှာမူကား အသိဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ကြသည် မဟုတ်ပေ။
Hashim Tin Myint
ထို့ပြင် အကယ်၍ အသင်သည် သူတို့အား “မည်သူသည် မိုး‌ကောင်းကင်မှ မိုး‌ရေကို ရွာသွန်း‌စေသနည်း၊ ထို့ပြင် ‌သေပြီး‌သော (‌ခြောက်‌သွေ့‌နေ‌သော) ‌မြေပထဝီကို ထိုမိုး‌ရေနှင့် မည်သူက ရှင်‌စေခဲ့သနည်း (စိမ်းလန်းစို‌ပြေ‌အောင် မည်သူလုပ်ခဲ့သနည်း)“ဟု ‌မေးလျှင် သူတို့က “အလ္လာဟ်အရှင်မြတ်“ဟု အမှန်စင်စစ် ‌ပြောဆိုကြလိမ့်မည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ချီးမွမ်းခြင်းအ‌ပေါင်းသည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်သည်။ အမှန်စင်စစ် သူတို့ထဲမှ အများစုသည် (မိမိတို့၏ဝန်ခံချက်မှ ‌နောက်ဆက်တွဲ သက်‌ရောက်မှုများကို လက်မခံကြသည့်အတွက်) အသိဉာဏ်မရှိကြ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek