Quran with Burmese translation - Surah Al-‘Ankabut ayat 64 - العَنكبُوت - Page - Juz 21
﴿وَمَا هَٰذِهِ ٱلۡحَيَوٰةُ ٱلدُّنۡيَآ إِلَّا لَهۡوٞ وَلَعِبٞۚ وَإِنَّ ٱلدَّارَ ٱلۡأٓخِرَةَ لَهِيَ ٱلۡحَيَوَانُۚ لَوۡ كَانُواْ يَعۡلَمُونَ ﴾
[العَنكبُوت: 64]
﴿وما هذه الحياة الدنيا إلا لهو ولعب وإن الدار الآخرة لهي الحيوان﴾ [العَنكبُوت: 64]
Ba Sein ၆၄။ ဤလောကီဘဝသည် အနှစ်သာရမရှိသောကစားပျော်ရွှင်မှုသာဖြစ်၏၊ မှတ်သားကြလော့၊ နောင်တမလွန်ဘဝ၏ ဘုံဗိမာန်တို့သည် ဘဝအစစ်အမှန်ဖြစ်၏၊ သူတို့သိလျှင် တော်လေစွ။ |
Ghazi Mohammad Hashim စင်စစ် ဤမျက်မှောက် လောကီဘဝသည် ပျော်မြူးဖွယ်ရာနှင့် ကစားခုန်စားဖွယ်ရာမှတပါး အခြားမဟုတ်ပြီ။အမှန်မှာ နောင်တမလွန် ဘဝသည်သာလျှင် စစ်မှန်သော အစဉ်ထာဝရရှင်ခြင်း ဖြစ်ပေသည်။ (ဤ သည်ကို)၎င်းတို့သိရှိကြလျှင် ကောင်းလေစွတကား။ |
Hashim Tin Myint ထို့ပြင် ဤဘဝသည် ပျော်မြူးဖွယ်ရာနှင့် ကစားစရာမှလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ပေ။ ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝသာ စစ်မှန်သည့် အသက်ရှင်ခြင်းဖြစ်သည်ကို သူတို့ သိကြမည်ဆိုလျှင် အဘယ်မျှ ကောင်းလိုက်မည်နည်း။ |