×

အမှန်စင်စစ်၊ ငါအရှင်မြတ်သည် လူသားအား မိဘနှစ်ပါးတို့နှင့်ပတ်သက်၍ (လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့်) 29:8 Burmese translation

Quran infoBurmeseSurah Al-‘Ankabut ⮕ (29:8) ayat 8 in Burmese

29:8 Surah Al-‘Ankabut ayat 8 in Burmese (البورمية)

Quran with Burmese translation - Surah Al-‘Ankabut ayat 8 - العَنكبُوت - Page - Juz 20

﴿وَوَصَّيۡنَا ٱلۡإِنسَٰنَ بِوَٰلِدَيۡهِ حُسۡنٗاۖ وَإِن جَٰهَدَاكَ لِتُشۡرِكَ بِي مَا لَيۡسَ لَكَ بِهِۦ عِلۡمٞ فَلَا تُطِعۡهُمَآۚ إِلَيَّ مَرۡجِعُكُمۡ فَأُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ ﴾
[العَنكبُوت: 8]

အမှန်စင်စစ်၊ ငါအရှင်မြတ်သည် လူသားအား မိဘနှစ်ပါးတို့နှင့်ပတ်သက်၍ (လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့်) အကောင်းဆုံးဖြစ်အောင် ပြမူဆက်ဆံပြုစုရန် ဩဝါဒလမ်းညွှန်ပေးတော်မူ၏။ သို့ရာတွင် အကယ်၍ (မိဘနှစ်ပါးက) သူတို့က သင်ကိုယ်တိုင်တပ်အပ်သေချာစွာ မသိသောအရာနှင့်စပ်လျဉ်း၍ ယင်းအား ငါအရှင်မြတ်နှင့်တွဲဖက်တုပြိုင်သော ကိုးကွယ်ရာအဖြစ် ကိုးကွယ်ရန် ရုန်းကန်အားထုတ်ကြလျှင် အသင်သည် (ယင်းတွဲဖက်ကိုးကွယ်နှင့်စပ်လျဉ်း၍) သူတို့နှစ်ဦးစလုံးအား မနာခံမလိုက်နာလေနှင့်။ အသင်တို့အားလုံးသည် ငါအရှင်မြတ်ထံတော်သို့သာလျှင် လှည့် ပြန်ကြရမည်ဖြစ်ပေရာ ငါအရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံသမျှနှင့်စပ်လျဉ်း၍ အကြောင်းကြားစေတော် (မူလျက် စာရင်းရှင်းအရေးယူတော်) မူလိမ့်မည်။

❮ Previous Next ❯

ترجمة: ووصينا الإنسان بوالديه حسنا وإن جاهداك لتشرك بي ما ليس لك به, باللغة البورمية

﴿ووصينا الإنسان بوالديه حسنا وإن جاهداك لتشرك بي ما ليس لك به﴾ [العَنكبُوت: 8]

Ba Sein
၈။ ငါသည် လူသားအား မိမိ၏မိဘနှစ်းပါးကို သနားကြင်နာရမည်ဟု ပညတ်တော်မူ၏၊ သို့သော်သူတို့က သင့်အား မိမိမသိသောအရာတို့ကို ငါနှင့်တွဲဖက်ရှိခိုးပူဇော်ခိုင်းသော် သင်သည် သူတို့စကားကို နားမထောင်လင့်၊ သင်တို့ အားလုံးသည် ငါ့အထံတော်သို့ ပြန်လာကြရမည်သာတည်း၊ ထိုအခါသင်တို့အား သင်တို့ပြုကျင့်လေ့ရှိသော အရာများကို ငါမိန့်ကြားတော်မူလတ့ံ။
Ghazi Mohammad Hashim
အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားအား(ဤသို့)အမိန့်ပေးတော်မူ၏။ အသင်သည် မိမိ၏ မိဘနှစ်ပါးတို့အား ကောင်းစွာပြုစုရမည်။ သို့ရာတွင် အကယ်၍ အသင်၌ အသိပညာ(သက်သေအထောက်အထား) မည်သည့်တစ်စုံတစ်ရာမျှ မရှိသောအရာကို အသင့်အား ငါအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ရန် ထိုမိဘနှစ်ပါးက ကြိုးပမ်းအားထုတ်ခဲ့ကြလျှင် အသင်သည်(ယင်းတွဲဖက် ကိုးကွယ်မှုနှင့်စပ်လျဉ်း၍) ထိုမိဘနှစ်ပါး၏ စကားကို မလိုက်နာလေနှင့်။ အသင်တို့အားလုံးသည် ငါအရှင်မြတ်အထံတော်သို့ ပြန်လာကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုမူလျက်ရှိခဲ့ကြကုန်သော အမှုကိစ္စ(အလုံးစုံ)တို့နှင့်စပ်လျဉ်း၍ အသိပေးတော်မူမည်။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် လူသားအား(ညွှန်ကြား‌တော်မူသည်၊) အသင်သည် အသင်၏မိဘနှစ်ပါးအား ‌ကောင်းမွန်စွာ ပြုစုရမည်။ ထို့ပြင် အကယ်၍ အသင်မသိသည့်အရာနှင့်ပတ်သက်၍ အသင့်အား ငါအရှင်မြတ်နှင့်ကိုးကွယ်ရန် ထိုမိဘနှစ်ပါးက ကြိုးစားအားထုတ်ခဲ့ကြလျှင် အသင်သည် သူတို့၏(ထို)စကားကို မလိုက်နာနှင့်။* အသင်တို့အားလုံးသည် ငါအရှင်မြတ်ထံ‌တော်သို့ ပြန်လာကြရမည်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ကို အသင်တို့ပြုလုပ်ခဲ့ကြ‌သော လုပ်ရပ်များနှင့်ပတ်သက်၍ အသိ‌ပေး‌တော်မူမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek