×

တစ်ဖန် ဧကန်ပင်၊ ငါအရှင်မြတ်သည် သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများကို ဆောက်တည်ကြသူတို့အား သူတို့ထံမှ သူတို့၏မကောင်းသောပြုမူမှုများကို ဖုံးကွယ် ဖယ်ရှားစေတော်ပြီး သူတို့ 29:7 Burmese translation

Quran infoBurmeseSurah Al-‘Ankabut ⮕ (29:7) ayat 7 in Burmese

29:7 Surah Al-‘Ankabut ayat 7 in Burmese (البورمية)

Quran with Burmese translation - Surah Al-‘Ankabut ayat 7 - العَنكبُوت - Page - Juz 20

﴿وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَنُكَفِّرَنَّ عَنۡهُمۡ سَيِّـَٔاتِهِمۡ وَلَنَجۡزِيَنَّهُمۡ أَحۡسَنَ ٱلَّذِي كَانُواْ يَعۡمَلُونَ ﴾
[العَنكبُوت: 7]

တစ်ဖန် ဧကန်ပင်၊ ငါအရှင်မြတ်သည် သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများကို ဆောက်တည်ကြသူတို့အား သူတို့ထံမှ သူတို့၏မကောင်းသောပြုမူမှုများကို ဖုံးကွယ် ဖယ်ရှားစေတော်ပြီး သူတို့ ပြုမူကျင့်ကြံမှု (၏အကျိုးဆက်) ထက် အကောင်းမြတ်ဆုံးသော အကျိုးဆုလဒ်များကိုလည်း ငါအရှင်မြတ်သည်ပင် သူတို့အား မုချဧကန်၊ ချီးမြှင့်ပေးတော်မူမည်။

❮ Previous Next ❯

ترجمة: والذين آمنوا وعملوا الصالحات لنكفرن عنهم سيئاتهم ولنجزينهم أحسن الذي كانوا يعملون, باللغة البورمية

﴿والذين آمنوا وعملوا الصالحات لنكفرن عنهم سيئاتهم ولنجزينهم أحسن الذي كانوا يعملون﴾ [العَنكبُوت: 7]

Ba Sein
၇။ အကြင်သူတို့သည် ယုံကြည်၍ ကုသိုလ်ကောင်းမှုပြုကျင့်အ့ံ၊ ငါသည် ထိုသူအား သူတို့၏ အကုသိုလ်မကောင်းမှု ကို လျော်ပစ်၍ မြင့်မြတ်သောကောင်းမှု၏ အကျိုးသုခကို ပေးသနားတော်မူမည်။
Ghazi Mohammad Hashim
အကြင်သူတို့သည် "အီမာန်" သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြပါမူ၊ မလွဲဧကန် ငါအရှင်မြတ်သည် ၎င်းတို့၏ ပြစ်မှုဒုစရိုက်များကို ၎င်းတို့မှ ပပျောက်စေတော်မူမည်။ ထိုမှတစ်ပါး မုချဧကန် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ ကျင့်မူလျက်ရှိခဲ့ကြသည်တို့ထက် ကောင်းမြတ်သော အစားကို ချီးမြှင့်ပေးသနားတော် မူအံ့သတည်း။
Hashim Tin Myint
ထို့ပြင် အကြင်သူများသည် အီမာန်ယုံကြည်ကြ၍ ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ကြလျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့၏မ‌ကောင်းမှုများကို သူတို့ထံမှ ပ‌ပျောက်‌စေ‌တော်မူမည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ကို သူတို့ပြုလုပ်ခဲ့ကြသည်များထက် အ‌ကောင်းဆုံးအစားကို ‌ပေးသနား‌တော်မူမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek