×

ထို့ပြင် သင်တို့အားလုံး အလ္လာဟ်အရှင်မြတ်၏ကြိုးတော် (ဖြစ်သောကျမ်းမြတ်ကုရ်အာန်) ကို (စည်းလုံးညီညွတ်စွာနှင့်မြဲမြံစွာဖြင့်) စွဲကိုင်ကြလော့။ (သင်တို့၏ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ ပါတီစွဲ စသော အစွဲအလန်းများနှင့်လိုအင်ဆန္ဒများကို 3:103 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:103) ayat 103 in Burmese

3:103 Surah al-‘Imran ayat 103 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 103 - آل عِمران - Page - Juz 4

﴿وَٱعۡتَصِمُواْ بِحَبۡلِ ٱللَّهِ جَمِيعٗا وَلَا تَفَرَّقُواْۚ وَٱذۡكُرُواْ نِعۡمَتَ ٱللَّهِ عَلَيۡكُمۡ إِذۡ كُنتُمۡ أَعۡدَآءٗ فَأَلَّفَ بَيۡنَ قُلُوبِكُمۡ فَأَصۡبَحۡتُم بِنِعۡمَتِهِۦٓ إِخۡوَٰنٗا وَكُنتُمۡ عَلَىٰ شَفَا حُفۡرَةٖ مِّنَ ٱلنَّارِ فَأَنقَذَكُم مِّنۡهَاۗ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمۡ ءَايَٰتِهِۦ لَعَلَّكُمۡ تَهۡتَدُونَ ﴾
[آل عِمران: 103]

ထို့ပြင် သင်တို့အားလုံး အလ္လာဟ်အရှင်မြတ်၏ကြိုးတော် (ဖြစ်သောကျမ်းမြတ်ကုရ်အာန်) ကို (စည်းလုံးညီညွတ်စွာနှင့်မြဲမြံစွာဖြင့်) စွဲကိုင်ကြလော့။ (သင်တို့၏ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ ပါတီစွဲ စသော အစွဲအလန်းများနှင့်လိုအင်ဆန္ဒများကို ရှေ့တန်းတင်၍ သင်တို့အချင်းချင်းကြားတွင်) သွေးကွဲလျက် ဂိုဏ်းဂန မခွဲကြလေနှင့်။ သင်တို့အား အလ္လာဟ်အရှင်မြတ် ချီးမြှင့်တော်မူထားသည့် ကျေးဇူးတော်များ (ဖြစ်သည့် မြေပေါ်မြေအောက် သယံဇာတများ၊ ဥစ္စာဓနများ၊ ဂုဏ်သိက္ခာများနှင့်အရှင့်လမ်းညွှန်တော်များ) ကို သတိရ တသ၍ ဖွင့်ဟကြလော့။ (သင်တို့ အချင်းချင်းကြားဝယ်) ရန်လိုမုန်းတီးမှုများ ရှိလာသည့်အခါ အရှင်မြတ်က သင်တို့အချင်းချင်းကြားတွင် ရင်ကြားစေ့မှု ရှိလာစေရန် သင်တို့၏နှလုံးသားများ၌ ထိုအရှင့်ကျေးဇူးတော်များဖြင့် ချိန်ညှိပေးတော်မူပြီး သင်တို့အား ညီနောင်များ ဖြစ်လာစေတော်မူမည်။ သင်တို့က (သင်တို့၏မကောင်းမှုများနှင့်အချင်းချင်းကြား သွေးထွက်သံ ယိုမှုများကို ပြုလုပ်၍) ငရဲမီး၏တွင်းနက်ဝသို့ ရောက်ခဲ့စဉ် ငါအရှင်မြတ်က သင်တို့ကို လောကီငရဲမီး (ဖြစ်သော သွေးထွက်သံယိုမှုများ၊ မကောင်းမှုဒုစရိုက်များနှင့်ညှင်းပန်းနှိပ်စက်မှုများ) မှ ကယ်တင်တော်မူခဲ့၏။ ဤနည်းအား ဖြင့် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏လမ်းညွှန်မှန်ရရန်အလို့ငှာ အရှင့်အာယသ်သက်သေလက္ခဏာတော်များ ကို ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားအောင် ရှင်းလင်းတင်ပြစေတော်မူ၏။

❮ Previous Next ❯

ترجمة: واعتصموا بحبل الله جميعا ولا تفرقوا واذكروا نعمة الله عليكم إذ كنتم, باللغة البورمية

﴿واعتصموا بحبل الله جميعا ولا تفرقوا واذكروا نعمة الله عليكم إذ كنتم﴾ [آل عِمران: 103]

Ba Sein
၁ဝ၃။ ထို့ပြင် သင်တို့သည် အတူတကွညီညွတ်စွာ အလ္လာဟ်အသျှင်မြတ်၏ တရားကြိုးတော်ကြီးကို မြဲမြံစွာ ဆုပ်ကိုင်ထားကြလော့။ သင်တို့မခွဲကြလင့်။ အလ္လာဟ်အသျှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးကြလော့။ သင်တို့သည် အချင်းချင်း မသင့်မတင့် ရန်သူများဖြစ်ခဲ့ကြငြားသော်လည်း အလ္လာဟ်အသျှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကြောင့် သင်တို့၏ မသင့်မတင့်မှုပျောက်ကွယ်၍ သင်တို့သည် အဆွေခင်ပွန်းဖြစ်ပြီးလျှင် ညီအစ်ကိုတမျှ ချစ်ခင်လာကြရကြောင်း၊ သင်းတို့အား မီး၊ ချောက်ကမ်းပါးကြီးမှ ကယ်ဆယ်တော်မူကြောင်း စသည့် ကျေးဇူးတော်များကို ချီးကျူးကြလော့။ သင်တို့သည် လမ်းညွှန်ပြခြင်းခံခရသောငှာ အလ္လာဟ်အသျှင်မြတ်သည် မိမိ၏ဗျာဒိတ်တော်များကို ဤကဲ့သို့ ထင်ရှားရှင်းလင်းစေတော်မူ၏။
Ghazi Mohammad Hashim
ထို့ပြင်တဝ အသင်တို့သည် တစ်စည်းတစ်လုံးတည်း အလ္လာဟ်အရှင်မြတ်၏ကြိုးကို စွဲမြဲစွာ ကိုင်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် အချင်းချင်း သွေးမကွဲကြကုန်လင့်။ တဖန် အသင်တို့သည် မိမိတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ် ပြုတော်မူသော ကျေးဇူးတော်ကိုလည်း ပြန်လည်၍သတိရကြကုန်လော့။ အခါတပါး၌ အသင်တို့သည် (မိမိတို့အချင်းချင်း တစ်ဦးနှင့်တစ်ဦး) ရန်သူများပင် ဖြစ်ခဲ့ကြပေရာထို(အလ္လာဟ်)အရှင်မြတ်သည် အသင်တို့၏ စိတ်နှလုံးများကိုချစ်ခင်ညီညွတ်စေတော်မူခဲ့၏။ သို့ဖြစ်၍အသင်တို့သည် (ယခုအခါ) ထိုအရှင်မြတ် ၏ ကျေးဇူးတော်ဖြင့် (မိမိတို့ အချင်းချင်း)ညီရင်းအစ်ကိုများပင်ဖြစ်ခဲ့ကြချေပြီ။ ၎င်းပြင် အသင်တို့သည်ဂျဟန္နမ် ငရဲမီး၏ နှုတ်ခမ်းသို့ (လုံးဝ) ရောက်ရှိခဲ့ကြပေရာထို အရှင်မြတ်သည် အသင်တို့အား (အစ္စလာမ် သာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်တော်မူခြင်း အားဖြင့်) ယင်းငရဲမီးမှကယ်ဆယ်တော်မူခဲ့လေပြီ။ ဤသို့အားဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ဒေသနာတော်များကို ထင်ရှားစေတော်မူ၏။သို့မှသာလျှင် အသင်တို့သည် တရားလမ်းမှန်ကို ရရှိကြပေမည်။
Hashim Tin Myint
ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကြိုး(ကုရ်အာန်)ကို* တစ်ညီတစ်ညွတ်တည်း စွဲမြဲစွာ ဆုပ်ကိုင်ထားကြပါ။ ထို့ပြင် အသင်တို့သည် အချင်းချင်း မကွဲပြဲကြ‌လေနှင့်။ ၎င်းပြင် အသင်တို့သည် အသင်တို့အ‌ပေါ် အလ္လာဟ်အရှင်မြတ်ပြုထား‌သော ‌ကျေးဇူး‌တော်ကိုလည်း သတိရကြပါ။ တစ်ခါက အသင်တို့သည် ရန်သူများ*ဖြစ်ခဲ့ကြပြီး (အရှင်မြတ်သည်) အသင်တို့၏စိတ်နှလုံးများကို ညီညွတ်‌စေ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် (ယခုအချိန်တွင်) ညီရင်းအစ်ကိုများ* ဖြစ်သွားခဲ့ကြသည်။ ထို့ပြင် အသင်တို့သည် ဂျဟန္နမ်ငရဲမီးတွင်း၏ နှုတ်ခမ်းဝ‌ပေါ်‌ရောက်ရှိခဲ့ကြပြီဖြစ်သည်။* (အရှင်မြတ်သည်) အသင်တို့အား (အီမာန် ချီးမြှင့်ပြီး) ထိုငရဲမီးမှ ကယ်တင်‌တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ လမ်းမှန်‌ရောက်ရှိကြရန် အရှင်မြတ်၏အာယသ်‌တော်များကို အသင်တို့အတွက် ဤသို့ပင် ရှင်းပြ‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek