×

ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသည့် ရှင်းလင်းချက်များသည် သူတို့ထံသို့ ရောက်လာခဲ့ပြီးနောက် (သူတို့၏ကိုယ်ကျိုးစီးပွားနှင့်စွဲလန်းမှုများကြောင့် ကွဲပြားခြားနားသော လမ်းစဉ်များကို လိုက်လျက်) အချင်းချင်းကြား သဘောထားကွဲကြပြီး ဂိုဏ်းဂများအဖြစ်ကွဲကြသည့် 3:105 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:105) ayat 105 in Burmese

3:105 Surah al-‘Imran ayat 105 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 105 - آل عِمران - Page - Juz 4

﴿وَلَا تَكُونُواْ كَٱلَّذِينَ تَفَرَّقُواْ وَٱخۡتَلَفُواْ مِنۢ بَعۡدِ مَا جَآءَهُمُ ٱلۡبَيِّنَٰتُۚ وَأُوْلَٰٓئِكَ لَهُمۡ عَذَابٌ عَظِيمٞ ﴾
[آل عِمران: 105]

ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသည့် ရှင်းလင်းချက်များသည် သူတို့ထံသို့ ရောက်လာခဲ့ပြီးနောက် (သူတို့၏ကိုယ်ကျိုးစီးပွားနှင့်စွဲလန်းမှုများကြောင့် ကွဲပြားခြားနားသော လမ်းစဉ်များကို လိုက်လျက်) အချင်းချင်းကြား သဘောထားကွဲကြပြီး ဂိုဏ်းဂများအဖြစ်ကွဲကြသည့် သူတို့ကဲ့သို့ မဖြစ်ကြလေနှင့်။ ထိုသို့ဖြစ်ကြသူတို့သည် သူတို့အတွက် အလွန်ကြီးလေးသော ပြစ်ဒဏ် (ပေးခံရမည့် ငရဲမီးသာ ထိုက်ထန်၍ ငရဲမီးထဲသို့ ပစ်ချခြင်းခံရဖွယ်) ရှိ၏။

❮ Previous Next ❯

ترجمة: ولا تكونوا كالذين تفرقوا واختلفوا من بعد ما جاءهم البينات وأولئك لهم, باللغة البورمية

﴿ولا تكونوا كالذين تفرقوا واختلفوا من بعد ما جاءهم البينات وأولئك لهم﴾ [آل عِمران: 105]

Ba Sein
၁ဝ၅။ မိမိထံသို့ ထင်ရှားသော သက်သေသာဓကများရောက်ရှိလာပြီးမှ အချင်းချင်းငြင်းခုံကြပြီးလျှင် အကွဲကွဲအပြားပြားဖြစ်သူတို့ကဲ့သို့ သင်တို့မဖြစ်ကြလင့် ဤသူများအတွက် အလွန်နာကျင်ဖွယ်သော အပြစ်ဒဏ်အသင့်ရှိ၏။
Ghazi Mohammad Hashim
၎င်းပြင် အသင်တို့သည် အကြင်သူများကဲ့သို့မဖြစ်ကြကုန်လင့်၊ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်၏တစ်ခုတည်းသော သာသနာကိုတစည်းတလုံးတည်း မလိုက်နာကြဘဲ) အချင်းချင်း ကွဲကြသည့်အပြင် မိမိတို့ထံ (အလ္လာဟ်အရှင်မြတ်၏) ထင်ရှားလှစွာသော သက်သေသာဓကများရောက်ရှိလာပြီးသည့်နောက်တွင်လည်း (ဂုဏ်တု ဂုဏ်ပြိုင်ပြုလိုကြ၍) အချင်းချင်းကွဲလွဲခဲ့ကြကုန်၏။ အမှန်သော်ကားယင်း(ကဲ့သို့သော) သူတို့အဘို့သာ လျှင် ကြီးလေးသောအပြစ်ဒဏ်သည် ရှိပေသည်။
Hashim Tin Myint
ထို့ပြင် အသင်တို့သည် အကြင်သူများကဲ့သို့ မဖြစ်ကြနှင့်၊ ၎င်းသူများသည် (အရှင်မြတ်၏ သာသနာကို တစ်စည်းတစ်လုံးတည်း မလိုက်နာကြဘဲ) အချင်းချင်း ကွဲပြဲကြသည့်အပြင် ၎င်းသူတို့ထံသို့ ထင်ရှား‌သော သက်‌သေလက္ခဏာများ ‌ရောက်လာပြီး‌နောက်၌လည်း (သာသနာ၏အရင်းအမြစ် အဓိကကျ‌သောအချက်များတွင်) အချင်းချင်း ကွဲလွဲခဲ့ကြသည်။ ၎င်းပြင် ထိုသူများအတွက်ပင် ကြီး‌လေး‌သော အပြစ်ဒဏ်ရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek