×

ထို (ပြစ်ဒဏ်ပေးခံရမည့်) နေ့တွင် (သုခဘုံနန်းထဲ ဝင်ခွင့်ရမည်ဖြစ်၍ ပျော်ရွှင်လျက်) မျက်နှာရွှင်လန်းတောက်ပနေသူများနှင့် (ငရဲမီးထဲရောက်ရမည်ဖြစ်၍ ကြောက်စိတ်လွန်ကဲလာကာ) မျက်နှာမည်းမှောင်နေသူများ ရှိကြလိမ့်မည်။ ထိုမျက်နှာမည်းမှောင်နေသူတို့အား 3:106 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:106) ayat 106 in Burmese

3:106 Surah al-‘Imran ayat 106 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 106 - آل عِمران - Page - Juz 4

﴿يَوۡمَ تَبۡيَضُّ وُجُوهٞ وَتَسۡوَدُّ وُجُوهٞۚ فَأَمَّا ٱلَّذِينَ ٱسۡوَدَّتۡ وُجُوهُهُمۡ أَكَفَرۡتُم بَعۡدَ إِيمَٰنِكُمۡ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡفُرُونَ ﴾
[آل عِمران: 106]

ထို (ပြစ်ဒဏ်ပေးခံရမည့်) နေ့တွင် (သုခဘုံနန်းထဲ ဝင်ခွင့်ရမည်ဖြစ်၍ ပျော်ရွှင်လျက်) မျက်နှာရွှင်လန်းတောက်ပနေသူများနှင့် (ငရဲမီးထဲရောက်ရမည်ဖြစ်၍ ကြောက်စိတ်လွန်ကဲလာကာ) မျက်နှာမည်းမှောင်နေသူများ ရှိကြလိမ့်မည်။ ထိုမျက်နှာမည်းမှောင်နေသူတို့အား “အသင်တို့က ယုံကြည်မှု (ကို သိနားလည်) ပြီးနောက် သွေဖည် ငြင်းပယ်ခဲ့ကြသလော။” ဟု မေး၍ “သို့ဖြစ်လျှင် သင်တို့သည် သင်တို့၏မယုံကြည်မှုကြောင့် ရသင့်သည့် အကျိုးဆက်များကို (သင်တို့ကိုယ်တိုင်) မြည်းစမ်းကြလော့။” (ဟု ပြောလိမ့်မည်။)

❮ Previous Next ❯

ترجمة: يوم تبيض وجوه وتسود وجوه فأما الذين اسودت وجوههم أكفرتم بعد إيمانكم, باللغة البورمية

﴿يوم تبيض وجوه وتسود وجوه فأما الذين اسودت وجوههم أكفرتم بعد إيمانكم﴾ [آل عِمران: 106]

Ba Sein
၁ဝ၆။ မျက်နှာအချို့ကို ဖြူစင်တောက်ပစေမည့်နေ့၊ အချို့မျက်နှာကို မည်းနက်စေမည့်နေ့၌ မျက်နှာ မည်းနက်ရသောသူတို့အား သင်တို့သည် ယုံကြည်ပြီးမှ မယုံကြည်သူများမဟုတ်ကြလော့။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ မယုံကြည်မှုကြောင့် အပြစ်ဒဏ်တော်ကို ခံစားကြလော့ဟု မိန့်တော်မူ၏။
Ghazi Mohammad Hashim
ထို(လာလတ္တံ့သော ရှင်ပြန်ထမည့်) နေ့၌ များစွာသော(သူတို့၏) မျက်နှာများသည် (ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံ၍ သန့်ရှင်းကြည်လင်)ဖြူစင်စွာ ရှိကြကုန်အံ့။ သို့ရာတွင်များစွာသော (သူတို့၏) မျက်နှာများမှာမူကား (ဣန္ဒြေကင်းမဲ့)လျက် မည်းနက်စွာ ရှိကြကုန်အံ့။ ထိုအခါ မည်းနက်သောမျက်နှာရှင်တို့အား အသင်တို့သည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိပြီးနောက် သွေဖည်ငြင်းပယ်ခဲ့ကြသည် မဟုတ်လော၊။သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့ ငြင်းပယ်သွေဖယ်ခဲ့ကြသည့်အတွက် အပြစ်ဒဏ်၏ အရသာကို မြည်းစမ်းကြကုန်လော့ (ဟု မိန့်ကြားတော်မူပေမည်)။
Hashim Tin Myint
ထို(ကိယာမသ်)‌နေ့တွင် အချို့မျက်နှာများသည် ဖြူ‌ဖွေး‌နေ၍ အချို့မျက်နှာများသည် မည်းနက်‌နေလိမ့်မည်။ ၎င်းပြင် မည်းနက်‌နေ‌သောမျက်နှာရှင်များသည် (ဤသို့ ‌ပြောဆိုခံကြရမည်) “အသင်တို့သည် အီမာန်ယုံကြည်ပြီး‌နောက်မှ ‌သွေဖည်ငြင်းပယ်ခဲ့ကြသည် မဟုတ်‌လော၊ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့ ငြင်းပယ်ခဲ့ကြသည့်အတွက်‌ကြောင့် အပြစ်ဒဏ်ကို မြည်းစမ်းလိုက်ကြပါ။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek