Quran with Burmese translation - Surah al-‘Imran ayat 113 - آل عِمران - Page - Juz 4
﴿۞ لَيۡسُواْ سَوَآءٗۗ مِّنۡ أَهۡلِ ٱلۡكِتَٰبِ أُمَّةٞ قَآئِمَةٞ يَتۡلُونَ ءَايَٰتِ ٱللَّهِ ءَانَآءَ ٱلَّيۡلِ وَهُمۡ يَسۡجُدُونَ ﴾
[آل عِمران: 113]
﴿ليسوا سواء من أهل الكتاب أمة قائمة يتلون آيات الله آناء الليل﴾ [آل عِمران: 113]
Ba Sein ၁၁၃။ ထိုသူတို့အားလုံးသည် ထပ်တူထပ်မျှမဟုတ်ပေ။ ရှေးကျမ်းတော်ကိုရရှိသူများအနက် လူတစ်စုသည် စိတ်ထက်သန် ခိုင်မာပြီးလျှင် ဦးချလျက် အလ္လာဟ်အသျှင်မြတ်၏ နှုတ်ကပတ်တော်များကို ညဉ့်အခါ ရွတ်ဖတ်သရဇ္ဈာယ်ကြ၏။ |
Ghazi Mohammad Hashim ယင်း (အထက်ကျမ်းဂန်ရရှိသော) သူတို့သည်အားလုံးမတူကြချေ။ (အမှန်စင်စစ် ထိုအထက်) ကျမ်းဂန်ရရှိသူတို့အနက်မှပင် (မှန်ကန်သော တရားလမ်းစဉ်၌) ဖြောင့်မတ်စွာ တည်တံ့နေသော လူစုတစ်စုသည်လည်း ရှိနေကြကုန်၏။ယင်းသူတို့သည် ညဉ့်ယံများ၌ အလ္လာဟ်အရှင်မြတ်၏ မုခပါဌ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြကုန်၏။ 4င်းပြင်(အလ္လာဟ် အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ်) ‘စဂျ်ဒဟ်’ ဦးချကြကုန်၏။ |
Hashim Tin Myint သူတို့အားလုံးသည် အတူတူ မဟုတ်ကြပေ၊ ထိုကျမ်းရသူများထဲမှပင် ဖြောင့်မတ်တည်တံ့စွာနေသော အုပ်စုတစ်စုလည်းရှိသည်။ သူတို့သည် ညတွင် စဂ်ျဒဟ်ဦးချကြလျက် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို ဖတ်ရွတ်ကြသည်။ |