Quran with Burmese translation - Surah al-‘Imran ayat 115 - آل عِمران - Page - Juz 4
﴿وَمَا يَفۡعَلُواْ مِنۡ خَيۡرٖ فَلَن يُكۡفَرُوهُۗ وَٱللَّهُ عَلِيمُۢ بِٱلۡمُتَّقِينَ ﴾
[آل عِمران: 115]
﴿وما يفعلوا من خير فلن يكفروه والله عليم بالمتقين﴾ [آل عِمران: 115]
Ba Sein ၁၁၅။ အကြင်ကောင်းမှုကို သူတို့သည်ပြုအံ့။ ထိုကောင်းမှု၏အကျိုးသုခကို သူတို့အား ငြင်းပယ်မည် မဟုတ်ပေ။ အလ္လာဟ်အသျှင်မြတ်သည် ဒုစရိုက်မှုကို ရှောင်ကြဉ်၍ သုစရိုက်ပြုသူတို့အား အကြွင်းမဲ့ သိမြင်တော်မူ၏။ |
Ghazi Mohammad Hashim ထို့ပြင်တဝ၊ ယင်းသူတို့သည် မည်သည့် ကောင်းမှုကုသိုလ်ကိုမဆို ပြုလုပ်ကြပါမူ၊ ထိုသူတို့သည် ထိုကောင်းမှုကုသိုလ်(၏အကျိုး)ကို လက်လွတ်စေခြင်း အလျင်းခံကြရမည်မဟုတ်ပေ။ အကြောင်းတမူကား အလ္လာဟ်အရှင်မြတ်သည်ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်အပေါင်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထို့ပြင် သူတို့သည် ကောင်းမှုတစ်စုံတစ်ခုပြုလုပ်ကြလျှင် ထိုကောင်းမှုသည် လုံးဝပယ်ချခြင်း မခံရပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မုသ်သကီ ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |