﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُواْ بِطَانَةٗ مِّن دُونِكُمۡ لَا يَأۡلُونَكُمۡ خَبَالٗا وَدُّواْ مَا عَنِتُّمۡ قَدۡ بَدَتِ ٱلۡبَغۡضَآءُ مِنۡ أَفۡوَٰهِهِمۡ وَمَا تُخۡفِي صُدُورُهُمۡ أَكۡبَرُۚ قَدۡ بَيَّنَّا لَكُمُ ٱلۡأٓيَٰتِۖ إِن كُنتُمۡ تَعۡقِلُونَ ﴾
[آل عِمران: 118]
အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့၏အတွင်းစကားများကို သင်တို့ (၏အတွင်းလူများ) မှလွဲ၍ အခြား သူတို့အား အသိပေး ဖွင့်မပြောကြလေနှင့်။ သူတို့၌ သင်တို့အား အစွမ်းကုန် ထိခိုက်နစ်နာစေရန်နှင့်စိတ်သောက ရောက်စေရန်သာ ဆန္ဒရှိကြပြီး သင်တို့အား မည်သည့် ဆုံးရှုံးနစ်နာမှုများမှပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးမည် မဟုတ်ပေ။ သူတို့၏နုတ်လျှာများမှ (ထွက်သည့်စကားများ၌) ရန်လိုမုန်းတီးမှုများ ပေါ်လွင်ထင်ရှားနေရုံမျှသာမက သူတို့၏ရင်တွင်း၌လည်း လျှို့ဝှက်ဖုံးကွယ်ထားသော (အကြံအစည်များ၊ ရန်လိုမုန်းတီးမှုများနှင့်လှည့်စားမှု များစသော) အရာများသည် (သူတို့၏အပြောအဆိုနှင့်အပြုအမူတို့ထက်ပင်) ပိုမို၍ ပြင်းထန် ဆိုးဝါးလှပေ၏။ သင်တို့ (၏အကျိုး) အတွက် အရှင့်အာယသ်သက်သေလက္ခဏာတော်များကို မြင်သာထင်ရှားအောင် ရှင်းလင်း တင်ပြစေတော်မူခဲ့ပြီး ဖြစ်၏။ သင်တို့ စဉ်းစားဆင်ခြင်တွေးတောနိုင်လျှင် ကောင်းလေစွ။
ترجمة: ياأيها الذين آمنوا لا تتخذوا بطانة من دونكم لا يألونكم خبالا ودوا, باللغة البورمية
﴿ياأيها الذين آمنوا لا تتخذوا بطانة من دونكم لا يألونكم خبالا ودوا﴾ [آل عِمران: 118]