Quran with Burmese translation - Surah al-‘Imran ayat 137 - آل عِمران - Page - Juz 4
﴿قَدۡ خَلَتۡ مِن قَبۡلِكُمۡ سُنَنٞ فَسِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُكَذِّبِينَ ﴾
[آل عِمران: 137]
﴿قد خلت من قبلكم سنن فسيروا في الأرض فانظروا كيف كان عاقبة﴾ [آل عِمران: 137]
Ba Sein ၁၃၇။ သင်တို့မဖြစ်မီ အယူဝါဒအဖုံဖုံ၊ လူအမျိုးမျိုးပေါ်လာ ပျောက်ကွယ်သွားကြပြီ။ ကမ္ဘာမြေပေါ်ဝယ် အနှံ့အပြားသွားလာ၍ မိမိတို့တမန်တော်များကို မယုံကြည်၊ ငြင်းပယ်သူတို့သည် အဘယ် အကျိုးဆက်ကို ခံစားရလေသည်ကို စုံစမ်းကြည့်ရှုကြလော့။ |
Ghazi Mohammad Hashim ဧကန်ဆတ်ဆတ် အသင်တို့အလျင် အမျိုးမျိုးသော (အယူဝါဒ) ထုံးတမ်းဓလေ့များကို (လိုက်စားသူများ)လွန်လေခဲ့ကြချေပြီ။ သို့ဖြစ်ရာ အသင်တို့သည် မ္ဘာမြေပြင်ဝယ် သွားလာလှည့်ပတ်၍ (အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော်ကို) မဟုတ်မမှန် မုသားဟု ပြောဆိုငြင်းပယ်ကြသောသူတို့၏ နောက်ဆုံးအဖြစ်အပျက်သည် မည်သို့ ဖြစ်ခဲ့သည်ကို၊ကြည့်ရှုဆင်ခြင်ကြလေကုန်။ |
Hashim Tin Myint အမှန်စင်စစ် အသင်တို့မတိုင်မီ ထုံးတမ်းစဉ်လာများသည်* လွန်ခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ကမာ္ဘမြေတွင် သွားလာလှည့်လည်ပြီး လိမ်လည်ငြင်းပယ်သော သူများ၏နိဂုံးသည် မည်ကဲ့သို့ ဖြစ်ပျက်ခဲ့သည်ကို ကြည့်ရှု့ကြပါ။ |