×

(အုဟူဒ်စစ်ပွဲမှာ သူတို့လက်ချက်ကြောင့်) သင်တို့ ဒဏ်ရာဒဏ်ချက် ထိမှန်ခဲ့ (သည့်အတွက် ဝမ်းနည်းကြေ ကွဲလို) လျှင် သူတို့လည်း (ဗဒရ်စစ်ပွဲမှာ) အလားတူ 3:140 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:140) ayat 140 in Burmese

3:140 Surah al-‘Imran ayat 140 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 140 - آل عِمران - Page - Juz 4

﴿إِن يَمۡسَسۡكُمۡ قَرۡحٞ فَقَدۡ مَسَّ ٱلۡقَوۡمَ قَرۡحٞ مِّثۡلُهُۥۚ وَتِلۡكَ ٱلۡأَيَّامُ نُدَاوِلُهَا بَيۡنَ ٱلنَّاسِ وَلِيَعۡلَمَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ وَيَتَّخِذَ مِنكُمۡ شُهَدَآءَۗ وَٱللَّهُ لَا يُحِبُّ ٱلظَّٰلِمِينَ ﴾
[آل عِمران: 140]

(အုဟူဒ်စစ်ပွဲမှာ သူတို့လက်ချက်ကြောင့်) သင်တို့ ဒဏ်ရာဒဏ်ချက် ထိမှန်ခဲ့ (သည့်အတွက် ဝမ်းနည်းကြေ ကွဲလို) လျှင် သူတို့လည်း (ဗဒရ်စစ်ပွဲမှာ) အလားတူ ဒဏ်ရာဒဏ်ချက်ရခဲ့သည် (ကို သတိရကြလော့)။ ထို့ပြင် (လူ့ဘဝခရီးစဉ်သမိုင်း ယဉ်ကျေးမှုများကြား အနိုင်အရှုံးများ တစ်လှည့်စီရှိသကဲ့သို့) ဤသည်လည်း လူသားတို့ ကြား (ဖြစ်လေ့ဖြစ်ထရှိသော) အလှည့်အပြောင်းနှင့်အတုံ့အလှည့်ကို ဖြစ်စေတော်မူခဲ့သည့် နေ့ရက်များပင် ဖြစ် ၏။ ထိုသို့ဖြစ်ရန်အတွက် အလ္လာဟ်အရှင်မြတ်ခွင့်ပြုတော်မူခဲ့ခြင်းမှာ ယုံကြည်သူတို့အား သိနားလည်စေတော်မူရန် သင်တို့အနက်မှ (အမှန်တရားအတွက်) အသက်စွန့်လှူ၍ သက်သေခံကြမည့်အာဇာနည်များပေါ် ထွက်လာစေရန်အတွက် ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်၍ မမှန်မကန်ပြုမူသူများကို အမှန်ပင် နှစ်သက်တော်မမူချေ။

❮ Previous Next ❯

ترجمة: إن يمسسكم قرح فقد مس القوم قرح مثله وتلك الأيام نداولها بين, باللغة البورمية

﴿إن يمسسكم قرح فقد مس القوم قرح مثله وتلك الأيام نداولها بين﴾ [آل عِمران: 140]

Ba Sein
၁၄ဝ။ သင်တို့သည် ဆုံးရှုံးခြင်းအမင်္ဂလာတစ်ခုကို ခံစားရလျှင် မိစ္ဆာဒိဌိတို့လည်း အလားတူ အမင်္ဂလာတို့ တွေ့ကြပြီ။ ယင်းဖြစ်ပျက်ခြင်းသည် လူသားတို့အား ငါအသျှင် ပေးသနားတော်မူသော လောကဓံ တရားအတိုင်းဖြစ်၏။ နောက်ဆုံးစွန်၌ သင်တို့အနက် ယုံကြည်သူနှင့် မယုံကြည်သူတို့ကို အလ္လာဟ် အသျှင်မြတ် ခွဲခြားသိတော်မူရန်ဖြစ်၏။ သက်သေတော်ကြီးများ ရွေးချယ်ဖို့ရာလည်းဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် ဒုစရိုက်မှု ကျူးလွန်သူတို့ကို နှစ်သက်တော်မမူချေ။
Ghazi Mohammad Hashim
အကယ်၍ အသင်တို့၌ (အုဟုဒ် စစ်ပြေပြင်တွင်) တစုံတရာ ဒဏ်ရာဒဏ်ချက် ထိရောက်ခဲ့ပါလျှင် ယင်းကဲ့သို့ ဒဏ်ရာဒဏ်ချက်သည်ပင် (ဗဒ်ရ်စစ် မြေပြင်တွင်) ထိုရန်သူများ၌လည်း ထိရောက်ခဲ့ပြီး ဖြစ်ပေသည်။ (နိုင်တစ်ခါရှုံးတစ်လှည့်ဖြစ်သော) ဤခေတ်သမယများကို ငါအရှင်မြတ်သည်လူသား တို့စပ်ကြားတွင်လှည့်ပတ်ရောက်စေတော်မူသည်။(ယင်းသို့ ပြုလုပ်တော်မူခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည်အီမာန်ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြသော ‘မုအ်မင်န်’တို့ကို သိရှိတော်မူရန် အလို့ငှာလည်းကောင်း၊ အသင်တို့အနက်မှ အချို့တို့ကို (အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌) အသက်စွန့်သွားသော အာဇာနည်များအဖြစ် ပြုလုပ်တော် မူရန်အလို့ငှာလည်းကောင်း ဖြစ်ချေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မတရား ကျူးကျော် စော်ကားသော သူများကိုနှစ်သက်တော်မူသည် မဟုတ်ချေ။
Hashim Tin Myint
အကယ်၍ အသင်တို့သည် (အုဟုဒ်စစ်ပွဲ၌)ဒဏ်ရာ တစ်စုံတစ်ခုရရှိခဲ့လျှင် ထိုကဲ့သို့ ဒဏ်ရာပင် (ဗဒရ်စစ်ပွဲ၌) ရန်သူများအားလည်း ထိ‌ရောက်ခဲ့ပြီးဖြစ်သည်။ ငါအရှင်မြတ်သည် လူများစပ်ကြားတွင် ထိုကဲ့သို့ရက်များကို တစ်လှည့်စီ လှည့်ပတ်‌ရောက်‌စေ‌တော်မူသည်။* (ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည် အစစ်အမှန် မည်သူယုံကြည်သနည်းဆိုသည်ကို သိရှိ‌တော်မူရန်နှင့် အသင်တို့ထဲမှ အချို့ကို အသက်စ‌တေးထား‌သော အာဇာနည်များအဖြစ် ပြုလုပ်‌တော်မူရန်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်သူများကို နှစ်သက်‌တော်မမူ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek