Quran with Burmese translation - Surah al-‘Imran ayat 139 - آل عِمران - Page - Juz 4
﴿وَلَا تَهِنُواْ وَلَا تَحۡزَنُواْ وَأَنتُمُ ٱلۡأَعۡلَوۡنَ إِن كُنتُم مُّؤۡمِنِينَ ﴾
[آل عِمران: 139]
﴿ولا تهنوا ولا تحزنوا وأنتم الأعلون إن كنتم مؤمنين﴾ [آل عِمران: 139]
Ba Sein ၁၃၉။ စိတ်မပျက်ကြလင့်။ စိတ်မပူကြလင့်။ အကြောင်းမူကား သင်တို့သည် ယုံကြည်သူ အစစ်အမှန် ဖြစ်ကြလျှင် သူတို့အား အောင်နိုင်မည်သာတည်း။ |
Ghazi Mohammad Hashim ထိုပြင့်တဝအသင်တို့သည် အားလည်းမလျှော့ကြကုန်လင့်၊ ပူပင်သောကလည်းမဖြစ်ကြကုန်လင့်။ စင်စစ်သော်ကား အကယ်၍သာ အသင်တို့သည် မုအ်မင်န် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိသူများ ဖြစ်ကြပါမူ (နောက်ဆုံးတွင်)အသင်တို့သည်သာလျှင် အနိုင်ရရှိသူများ ဖြစ်ကြလတ္တံ့။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် အားလည်းမလျှော့ကြနှင့်၊ ပူပင်သောကလည်း မဖြစ်ကြနှင့်။ ၎င်းပြင် အသင်တို့သည် အီမာန်ယုံကြည်သူများ ဖြစ်ကြလျှင် အသင်တို့ပင် အောင်နိုင်လျက်ရှိနေကြလိမ့်မည်။ |