Quran with Burmese translation - Surah al-‘Imran ayat 152 - آل عِمران - Page - Juz 4
﴿وَلَقَدۡ صَدَقَكُمُ ٱللَّهُ وَعۡدَهُۥٓ إِذۡ تَحُسُّونَهُم بِإِذۡنِهِۦۖ حَتَّىٰٓ إِذَا فَشِلۡتُمۡ وَتَنَٰزَعۡتُمۡ فِي ٱلۡأَمۡرِ وَعَصَيۡتُم مِّنۢ بَعۡدِ مَآ أَرَىٰكُم مَّا تُحِبُّونَۚ مِنكُم مَّن يُرِيدُ ٱلدُّنۡيَا وَمِنكُم مَّن يُرِيدُ ٱلۡأٓخِرَةَۚ ثُمَّ صَرَفَكُمۡ عَنۡهُمۡ لِيَبۡتَلِيَكُمۡۖ وَلَقَدۡ عَفَا عَنكُمۡۗ وَٱللَّهُ ذُو فَضۡلٍ عَلَى ٱلۡمُؤۡمِنِينَ ﴾
[آل عِمران: 152]
﴿ولقد صدقكم الله وعده إذ تحسونهم بإذنه حتى إذا فشلتم وتنازعتم في﴾ [آل عِمران: 152]
Ba Sein ၁၅၂။ သင်တို့မက်မော်သော အောင်နိုင်ခြင်းကို အလ္လာဟ်အသျှင်မြတ် ပြသတော်မူပြီးမှ သင်တို့သည် သတ္တိနည်းလာ၍ တမန်တော်မ၏အမိန့်ကို သဘောမတူ၊ မနာခံသည့်တိုင်အောင် သင်တို့သည် အသျှင်မြတ်၏အမိန့်တော်အားဖြင့် ရန်သူစစ်သည်တော်များကို ဗရမ်းဗတာထွက်ပြေးအောင် တိုက်ခိုက်နိုင်ကြ၏။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား ပေးထားတော်မူသော ဂတိ သစ္စာတော်ကို ပြည့်စုံစေတော်မူ၏။ သင်တို့အနက် အချို့သည် ဤဘဝကို တပ်မက်ကြ၏။ အချို့ကား နောင်ဘဝကို မက်မောကြ၏။ သင်တို့ကို စမ်းသပ်ရန် အသျှင်မြတ်သည် သင်တို့အား သူတို့ထံမှ ထွက်ပြေးစေတော်မူ၏။ ယခုအချိန်ကာလတွင် အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား အပြစ်လွှတ် တော်မူပြီ။ အလ္လာဟ်အသျှင်မြတ်သည် ယုံကြည်သူတို့အဖို့ ဂရုဏာတော်အသျှင်သခင် ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ မိမိထားရှိတော်မူခဲ့သော ကတိတော်ကို အတည်ဖြစ်စေတော်မူခဲ့ချေပြီ။ အကြင်အခါဝယ် အသင်တို့သည် ထိုအရှင်မြတ်၏ အမိန့်တော်ဖြင့် ထိုကာဖိရ်တို့အား သတ်ဖြတ်ချေမှုန်းနေကြကုန်၏။ နောက်ဆုံးတွင် အသင်တို့အား ထိုအရှင်မြတ်က အသင်တို့နှစ်သက်ကြကုန်သော (ဝါ)အောင် မြင်မှုကို(မျက်မြင်ကိုယ်တွေ့) ပြသတော်မူပြီးသည့်နောက် အသင်တို့သည် သူရသတိ္တ ညံ့ဖျင်းသွားခဲ့ကြကုန်၏။ ၎င်းပြင် အသင်တို့သည် (နဗီတမန်တော်မြတ်၏) အမိန့်တော်နှင့်စပ်လျဉ်း၍အချင်းချင်း အငြင်းပွားခဲ့ကြ၏။ (နဗီတမန်တော်မြတ်၏)အမိန့် တော်ကိုလည်း သွေဖည်ခဲ့ကြ၏။ (ထိုအခါ အလ္လာဟ်အရှင်မြတ်သည် မိမိ၏အကူအညီကို ရုပ်သိမ်းထားတော်မူခဲ့လေသည်၊ အကြောင်းသော်ကား) အသင်တို့အနက် အချို့သည် လောကီ(အကျိုးစီးပွား)ကိုအလိုရှိ၏။ အချို့ကမူ နောင်တမလွန်ဘဝ(သုခချမ်းသာ)ကိုအလိုရှိ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား စမ်းသပ်တော်မူရန် အလို့ငှာထို(ရန်)သူတို့ကို (သုတ်သင်ရှင်းလင်းနေခြင်း)မှ အသင်တို့အားပြန်လှည့်စေတော်မူခဲ့လေသည်။ (ယခုမူကား) ထိုအရှင်မြတ်သည် အသင်တို့အား (အပြစ်များမှ) မုချဧကန် ခွင့်လွှတ်တော်မူပြီး ဖြစ်လေပြီ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်မုအ်မင်န်ယုံကြည်ခြင်း သဒ္ဒါတရားထားရှိသူ တို့အဖို့ ကျေးဇူးတော်ရှင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထို့ပြင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် အရှင်မြတ်၏ကတိတော်ကို မှန်ကန်ပြည့်ဝအောင်ပြုလုပ်တော်မူခဲ့သည်။* တစ်ခါက အသင်တို့သည် အရှင်မြတ်၏အမိန့်တော်နှင့် (အသင်တို့ကို တိုက်ခိုက်ချေမှုန်းရန်လာသော) ကာဖိရ်များအား သတ်ဖြတ် ချေမှုန်းနေခဲ့ကြသည်။ နောက်ဆုံးတွင် အသင်တို့အား အရှင်မြတ်က အသင်တို့နှစ်သက်ကြသောအရာ (အောင်မြင်မှု)ကို ပြသတော်မူပြီးနောက် အသင်တို့သည် စိတ်အားလျှော့လိုက်ကြတော့သည်။* ထို့ပြင် အသင်တို့သည် (တမန်တော်၏) အမိန့်တော်နှင့်ပတ်သက်၍ အချင်းချင်းအငြင်းပွားခဲ့ကြသည်။ အမိန့်တော်ကိုလည်း သွေဖည်ခဲ့ကြသည်။* (ထိုအခါ အရှင်မြတ်က အကူအညီကို ရုပ်သိမ်းတော်မူလိုက်သည်) အသင်တို့ထဲတွင် အချို့သည် လောကီ(အကျိုး)ကို အလိုရှိကြသည်။ အချို့ကမူ တမလွန်ဘဝ၏(အကျိုး)ကို အလိုရှိကြသည်။* ထို့နောက် အရှင်မြတ်သည် အသင်တို့အား စမ်းသပ်တော်မူရန် ရန်သူများထံမှ အသင်တို့ကို ပြန်လှည့်စေတော်မူခဲ့သည်။* ထို့နောက် အရှင်မြတ်သည် အသင်တို့အား အမှန်စင်စစ် ခွင့်လွှတ်တော်မူလိုက်ပြီ ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများအပေါ်တွင် ကျေးဇူးပြုတော်မူသောအရှင် ဖြစ်တော်မူသည်။ |