×

သင်တို့က အသက်လု၍ ပြေးလွှား (လျက် အသက်ကယ်နိုင်ရန် တောင်ပေါ်သို့ ပြေးတက်) နေကြစဉ် (စစ်မြေပြင်၌ရှိနေသော) ရစူလ်တမန်တော်က သင်တို့၏နောက်ကျောမှ သင်တို့အား 3:153 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:153) ayat 153 in Burmese

3:153 Surah al-‘Imran ayat 153 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 153 - آل عِمران - Page - Juz 4

﴿۞ إِذۡ تُصۡعِدُونَ وَلَا تَلۡوُۥنَ عَلَىٰٓ أَحَدٖ وَٱلرَّسُولُ يَدۡعُوكُمۡ فِيٓ أُخۡرَىٰكُمۡ فَأَثَٰبَكُمۡ غَمَّۢا بِغَمّٖ لِّكَيۡلَا تَحۡزَنُواْ عَلَىٰ مَا فَاتَكُمۡ وَلَا مَآ أَصَٰبَكُمۡۗ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ ﴾
[آل عِمران: 153]

သင်တို့က အသက်လု၍ ပြေးလွှား (လျက် အသက်ကယ်နိုင်ရန် တောင်ပေါ်သို့ ပြေးတက်) နေကြစဉ် (စစ်မြေပြင်၌ရှိနေသော) ရစူလ်တမန်တော်က သင်တို့၏နောက်ကျောမှ သင်တို့အား အစွမ်းကုန်ခေါ်နေသည်ကို မည်သူ တစ်ဦးတစ်ယောက်ကမျှ (မျက်စိတစ်ချက်ဖြင့်ပင်) လှည့်မကြည့်သောကြောင့် ငါအရှင်သည် သင်တို့အား “စစ်မြေပြင်မှထွက်ပြေးခြင်းနှင့် (စစ်ပွဲအစ၌ မှာကြားခဲ့သည်ကို ဖီဆန်၍) ကစဉ့်ကလျားဖြစ်စေခြင်းတို့အတွက် မဟုတ်ဘဲ (စစ်မြေ၌ တမန်တော်မြတ်ခေါ်သည်ကို ဂရုမစိုက်ခဲ့သည့်အတွက်သာ) ပေးဆပ်မှုအဖြစ် ပူဆွေးမှုပေါ် ပူဆွေးသောက ထပ်စေလျက် ဝမ်းနည်းကြေကွဲခြင်းကို ပေးဆပ်စေတော်မူခဲ့၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံဆောင်ရွက်သမျှနှင့်ပတ်သက်၍ သတင်းအချက်အလက်အလုံးစုံကို အသေးစိတ် ရယူထားတော်မူသော အရှင်ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: إذ تصعدون ولا تلوون على أحد والرسول يدعوكم في أخراكم فأثابكم غما, باللغة البورمية

﴿إذ تصعدون ولا تلوون على أحد والرسول يدعوكم في أخراكم فأثابكم غما﴾ [آل عِمران: 153]

Ba Sein
၁၅၃။ သင်တို့သည် တောင်ကုန်းပေါ်သို့တက်ကြ၍ မည်သူ့ကိုမှ အရေးမစိုက်ကြပေ။ ထိုအခါ တမန်တော်က သင်တို့နောက်မှနေ၍ တိုက်ခိုက်ရန်ခေါ်နေလေ၏။ ထိုကြောင့် တမန်တော် စိတ်ပင်ပန်းသကဲ့သို့ သင်တို့ကိုလည်း အလ္လာဟ်အသျှင်မြတ်က စိတ်ပူဆွေးခြင်းဆုကို ချပေးတော်မူ၏။ အသျှင်မြတ်သည် သင်တို့အား သင်တို့မရလိုက်သော လာဘ်လာဘအတွက်သော်လည်းကောင်း၊ သင်တို့တွေ့ကြံုရ သော ဆုံးရှုံးခြင်းအတွက်ကိုသော်လည်းကောင်း၊ ဝမ်းနည်းပက်လက်မရှိစေဖို့ရာ ယင်းသို့ ဆုံးမတော် မူ၏။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့ပြုလုပ်သမျှတို့ကို သတင်းရတော်မူ၏။
Ghazi Mohammad Hashim
(ပြန်လည်အောက်မေ့သတိရကြလေကုန်)တရံရောအခါ အသင်တို့သည် (အုဟုဒ် စစ်မြေပြင် မှ) မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြန်လှည့်၍ မကြည့်ဘဲ(ကိုယ်လွတ်ရုန်းကာ)ထွက်ပြေးနေကြလေသည်။ စင်စစ်(ထိုအခါ)ရစူလ်တမန်တော်သည် အသင်တို့နောက်မှ အသင်တို့အားဟစ်ခေါ်လျက် ရှိတော်မူခဲ့လေသည်။ (သို့ရာတွင် အသင်တို့သည် မလိုက်နာဘဲ ရစူလ်တမန်တော်ကို စိတ်ဆင်းရဲခြင်း ဖြစ်စေခဲ့ကြသည်။) သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည်(နဗီတမန်တော်ကို အသင်တို့စိတ်ဆင်းရဲခြင်းဖြစ်စေခဲ့ကြသည့်အတွက်) အသင်တို့အားစိတ်ဆင်းရဲခြင်းအစား စိတ်ဆင်းရဲခြင်းကိုပင် ပေးတော်မူခဲ့လေသည်။သို့မှသာလျှင် အသင်တို့သည် (ဤသည်ကိုအကြောင်းပြု၍နောက်နောင်များတွင်) မိမိတို့ လက်လွတ်သွားသော ကိစ္စများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မိမိတို့၌ ဆိုက်ရောက်လာသောဘေးဒုက္ခများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပူဆွေးကြမည်မဟုတ်ပေ၊ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
တစ်ခါက အသင်တို့သည် (အုဟုဒ် စစ်‌မြေပြင်တွင်) မည်သူ့ကိုမျှ လှည့်မကြည့်ကြ‌တော့ဘဲ ထွက်‌ပြေး‌နေခဲ့ကြသည်။* ၎င်းပြင် ရစူလ်တမန်‌တော်သည် အသင်တို့‌နောက်မှ အသင်တို့ကို ဟစ်‌ခေါ်‌နေခဲ့သည်။ (သို့ရာတွင် အသင်တို့သည် မနာခံခဲ့ကြ‌ပေ။) ထို(တမန်‌တော်၏အမိန့် မနာခံမှု)အတွက်‌ကြောင့် အရှင်မြတ်က အသင်တို့အား စိတ်ဆင်းရဲမှုအစား စိတ်ဆင်းရဲမှုကိုပင် ‌ပေး‌တော်မူခဲ့သည်။* အသင်တို့သည် အသင်တို့ လက်လွတ်ဆုံးရှုံးသွား‌သောကိစ္စများနှင့် အသင်တို့တွင် ဆိုက်‌ရောက်လာ‌သော ‌ဘေးဒုက္ခများအ‌ပေါ် ပူ‌ဆွေးမှုမဖြစ်ရ‌လေ‌အောင်* (စိတ်ဆင်းရဲမှု နှစ်ခုဆင့်‌ပေးလိုက်ခြင်းဖြစ်သည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek