×

အလ္လာဟ်အရှင်မြတ်သည် စစ်မှန်သော ယုံကြည်သူတို့အပေါ် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ 3:164 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:164) ayat 164 in Burmese

3:164 Surah al-‘Imran ayat 164 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 164 - آل عِمران - Page - Juz 4

﴿لَقَدۡ مَنَّ ٱللَّهُ عَلَى ٱلۡمُؤۡمِنِينَ إِذۡ بَعَثَ فِيهِمۡ رَسُولٗا مِّنۡ أَنفُسِهِمۡ يَتۡلُواْ عَلَيۡهِمۡ ءَايَٰتِهِۦ وَيُزَكِّيهِمۡ وَيُعَلِّمُهُمُ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَإِن كَانُواْ مِن قَبۡلُ لَفِي ضَلَٰلٖ مُّبِينٍ ﴾
[آل عِمران: 164]

အလ္လာဟ်အရှင်မြတ်သည် စစ်မှန်သော ယုံကြည်သူတို့အပေါ် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ၊ (သူတို့၏သားစဉ်မြေးဆက်များ) အနက်မှ အရှင့်အာယသ်သက်သေလက္ခဏာတော် များကို သူတို့ (၏နောင်လာနောင်သားများ) အား ဖတ်ပြရန်၊ ကျမ်းတော်နှင့် (ဓမ္မသတ်အခွင့်အာဏာဆိုင်ရာ) အမြော်အမြင်အားဖြင့် သွန်သင်ညွှန်ကြားပေးရန်နှင့်သူတို့ကို (မယုံကြည်မှုနှင့်မကောင်းမှုဟူသမျှမှ) သန့်ရှင်းစင်ကြည်စေမည့် ရစူလ်တမန်တော်တစ်ပါး ပွင့်ပေါ်စေတော်မူခြင်းဖြင့် ကြီးမားသော အကြင်နာတရားထား၍ အမြင့်မြတ်ဆုံးမျက်နှာသာ ပေးတော်မူခဲ့ပြီ။ ရစူလ်တမန်တော်မတိုင်မီကမူ သူတို့သည် ထင်ရှားသော လမ်းမှားမှု၌သာ ရှိခဲ့ကြ၏။

❮ Previous Next ❯

ترجمة: لقد من الله على المؤمنين إذ بعث فيهم رسولا من أنفسهم يتلو, باللغة البورمية

﴿لقد من الله على المؤمنين إذ بعث فيهم رسولا من أنفسهم يتلو﴾ [آل عِمران: 164]

Ba Sein
၁၆၄။ အကယ်စင်စစ် အလ္လာဟ်အသျှင်မြတ်သည် ယုံကြည်သူတို့အား သူတို့ထံ ထိုသူတို့၏ သားချင်း တစ်ဦးကို တမန်တော်အဖြစ် စေလွှတ်တော်မူခြင်းဖြင့် ချီးမြှင့်တော်မူပြီး တမန်တော်သည် သူတို့အား အာယတ်တော်များကို ရွတ်ဖတ်ပြ၏ သူတို့ကို တရားပွားများ သန့်ရှင်းစေ၏။ သူတို့အား ကျမ်းတော်ကို သင်ပြ၏။ ပညာအလင်းရောင်ကိုပေး၏။ ထိုတမန်တော်မပွင့်လာမီ သူတို့သည် အလွန် ထင်ရှားသောအမှားတွင် နစ်မြှုပ်နေကြ၏။
Ghazi Mohammad Hashim
အလ္လာဟ်အရှင်မြတ်သည်မုအ်မင်န် သက်ဝင်ယုံကြည်သောသူတို့ထံသို့ ထိုသူတို့၏အ(မျိုးအစား)ထဲမှပင်အကြင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော် မူခြင်းအားဖြင့် မုချ ယင်းသူတို့အပေါ် (မဟာ)ကျေးဇူးတော်ကို ပြုတော်မူခဲ့ချေပြီ။ ထိုရစူလ်တမန်တော်သည် ယင်းသူတို့ ရှေ့မှောက်ဝယ်အလ္လာဟ်အရှင်မြတ်၏ ဒေသနာ တော်များကိုလည်း ဖတ်ကြားလေသည်။ ထိုသူတို့အား (ပြစ်မှုဒုစရိုက်အပေါင်းတို့မှ) သန့်စင်အောင်လည်း ပြုချေသည်။ ၎င်းပြင် ယင်းသူတို့အား (အလ္လာဟ်အရှင်မြတ်၏) ကျမ်းဂန်တော်ကိုလည်းကောင်း၊ ထူးသောဉာဏ်အမြော်အမြင်ကိုလည်းကောင်း၊ သွန်သင်ပြသ သင်ကြားပို့ချလေသည်။ အမှန်စင်စစ် ၎င်းတို့သည် (ထိုရစူလ် တမန်တော်မပွင့်မီ) အလျင်က ထင်ရှားလှစွာသော လမ်းလွဲမှု၌ပင်မုချဧကန် ရှိနေခဲ့ကြကုန်၏။
Hashim Tin Myint
အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများအ‌ပေါ်တွင် ၎င်းတို့ထဲမှ တမန်‌တော်တစ်ဦးကို ‌စေလွှတ်‌တော်မူခြင်းအားဖြင့် အမှန်စင်စစ် ‌ကျေးဇူးပြု‌တော်မူခဲ့သည်။ ထိုတမန်‌တော်သည် သူတို့‌ရှေ့တွင် အလ္လာဟ်အရှင်မြတ်၏အာယသ်‌တော်များကို ဖတ်ကြားသည်။ ၎င်းပြင် သူတို့အား သန့်စင်ရန် လုပ်‌ပေးသည်။ ၎င်းပြင် သူတို့အား ကျမ်းဂန်နှင့် ပညာဉာဏ်အ‌မြော်အမြင်ကိုလည်း သင်ကြားပို့ချသည်။ ထို့ပြင် အမှန်စင်စစ် သူတို့သည် ယခင်က ထင်ရှား‌သော လမ်းမှားမှုထဲတွင် ရှိ‌နေခဲ့ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek