Quran with Burmese translation - Surah al-‘Imran ayat 163 - آل عِمران - Page - Juz 4
﴿هُمۡ دَرَجَٰتٌ عِندَ ٱللَّهِۗ وَٱللَّهُ بَصِيرُۢ بِمَا يَعۡمَلُونَ ﴾
[آل عِمران: 163]
﴿هم درجات عند الله والله بصير بما يعملون﴾ [آل عِمران: 163]
Ba Sein ၁၆၃။ အလ္လာဟ်အသျှင်မြတ်အထံတော်၌ အဆင့်အတန်းအမျိုးမျိုးရှိ၏။ အလ္လာဟ'်အသျှင်မြတ်သည် သင်တို့ ပြုသည်တို့ကို မြင်တော်မူသောအသျှင် ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim ထိုသူတို့အဖို့ အလ္လာဟ်အရှင်မြတ်ထံတော်၌အဆင့်အတန်း အမျိုးမျိုး ရှိကြကုန်၏။ အမှန် သော်ကားအလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ပြုမူကြကုန်သော ကိစ္စအရပ်ရပ် တို့ကို ခွဲခြားသိမြင် တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထိုသူများအတွက် အလ္လာဟ်အရှင်မြတ်ထံတွင် အဆင့်အတန်း အမျိုးမျိုးရှိကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ ပြုလုပ်သည်များကို အကြွင်းမဲ့သိမြင်တော်မူသောအရှင် ဖြစ်တော်မူသည်။ |