Quran with Burmese translation - Surah al-‘Imran ayat 165 - آل عِمران - Page - Juz 4
﴿أَوَلَمَّآ أَصَٰبَتۡكُم مُّصِيبَةٞ قَدۡ أَصَبۡتُم مِّثۡلَيۡهَا قُلۡتُمۡ أَنَّىٰ هَٰذَاۖ قُلۡ هُوَ مِنۡ عِندِ أَنفُسِكُمۡۗ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ﴾
[آل عِمران: 165]
﴿أو لما أصابتكم مصيبة قد أصبتم مثليها قلتم أنى هذا قل هو﴾ [آل عِمران: 165]
Ba Sein ၁၆၅။ ရန်သူတို့အား သင်တို့ဆုံးရှုံးသည်ထက် နှစ်ဆဆုံးရှုံးစေတော်မူ၏။ သို့ပါလျက် သင်တို့သည် ဆုံးရှုံးခြင်းခံရသောအခါ အဘယ်သို့ဖြစ်သနည်းဟု ညည်းညူကြသလော။ အို-မိုဟမ္မဒ် သင်သည် လူသားတို့အား ဟောကြားလော့။ ထိုဆုံးရှုံးခြင်းသည် သင်တို့ကြောင့်ဖြစ်၏။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူ၏။ |
Ghazi Mohammad Hashim တဖန် (အုဟုဒ် စစ်မြေပြင်ဝယ်) အသင်တို့၌အတိဒုက္ခသည် ဆိုက်ရောက်ခဲ့လေသည်။ အသင်တို့သည်ယင်းအတိဒုက္ခ၏ နှစ်ဆမျှသော အတိဒုက္ခများကိုမူ (ရန်သူတို့၌) စင်စစ်ဧကန် ဆိုက်ရောက် စေခဲ့ကြပြီးဖြစ်၏။ (သို့အတိဒုက္ခဆိုက်ရောက်သောအခါ) အသင်တို့က ဤ(ဒုက္ခ)သည်(ကျွန်ုပ်တို့၌) အဘယ်မှ ဆိုက်ရောက်ပါသနည်းဟု (ညည်းညူ)ပြောဆိုခဲ့ကြလေသည်။ (အို-နဗီတမန်တော် စင်စစ်) ယင်းဒုက္ခသည် အသင်တို့ထံမှပင် (ဆိုက်ရောက်ခြင်း) ဖြစ်သည်ဟု ပြောကြားပါလေ။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပသိမ်းတို့ကို တတ်စွမ်းနိုင်တော်မူသော အနန္တတန်ခိုးတော်ရှင်ဖြစ်တော်မူပေသည်။ |
Hashim Tin Myint ထို့ပြင်(အုဟုဒ် စစ်မြေပြင်တွင်) အသင်တို့၌ ဒုက္ခဆိုက်ရောက်ခဲ့သည့်အခါတွင်၊ ထိုဒုက္ခထက်နှစ်ဆရှိသောဒုက္ခအား အသင်တို့သည် (ရန်သူများအပေါ်တွင်) အမှန်စင်စစ် ဆိုက်ရောက်စေခဲ့ကြပြီ မဟုတ်လော။* (သို့ပါလျက် ထိုအခါတွင်) အသင်တို့က (ဤသို့ ညည်းညူ)ပြောဆိုခဲ့ကြသေးသည် “ဤ(ဒုက္ခ)သည် အဘယ်မှ ဆိုက်ရောက်လာသနည်း။ (အို- တမန်တော်)အသင်ပြောလိုက်ပါ၊ ထိုဒုက္ခသည် အသင်တို့ထံမှပင် (တမန်တော်၏အမိန့်ကို မနာခံဘဲ ကာကွယ်ရန် နေရာချထားသောစခန်းကို အသင်တို့ စွန့်ခွာခဲ့သည့်အတွက်ကြောင့်)ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအပေါ်တွင် အလွန်တတ်စွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ |