Quran with Burmese translation - Surah al-‘Imran ayat 170 - آل عِمران - Page - Juz 4
﴿فَرِحِينَ بِمَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضۡلِهِۦ وَيَسۡتَبۡشِرُونَ بِٱلَّذِينَ لَمۡ يَلۡحَقُواْ بِهِم مِّنۡ خَلۡفِهِمۡ أَلَّا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ﴾
[آل عِمران: 170]
﴿فرحين بما آتاهم الله من فضله ويستبشرون بالذين لم يلحقوا بهم من﴾ [آل عِمران: 170]
Ba Sein ၁၇ဝ။ အလ္လာဟ်အသျှင်မြတ်သည် မိမိ၏ကောင်းကြီးမင်္ဂလာတော်မှ သူတို့အား ပေးသနားတော်မူသော ကြောင့် သူတို့သည် အလွန်ပင် ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိကြ၏။ သူတို့သည် သူတို့နှင့်အတူ တကွမရှိဘဲ ကျန်ရစ်ခဲ့သောသူတို့အတွက်ကြောင့် ရွှင်မြူးကြ၏။ သူတို့အပေါ်သို့ ကြောက်ရွံ့စရာ ကျရောက်မည်မဟုတ်ပေ။ သူတို့သည် ပူဆွေးကြမည်မဟုတ်ပေ။ |
Ghazi Mohammad Hashim ထိုသူတို့သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်က မိမိ စည်းစိမ်ချမ်းသာ အကျိုးကျေးဇူးတော်ကို ခြီးမြှင့်ပေးသနားတော်မူသောကြောင့် နှစ်ထောင်း အားရ၊ ရွှင်လန်းလျက်ရှိကြသည်သာမက မိမိတို့နောက်၌ (ကျန်ရစ်ခဲ့သော) မိမိတို့နှင့်လာရောက် တွေ့ဆုံပူးပေါင်းခြင်း မရှိကြသေးသောသူတို့နှင့် ပတ်သက်၍လည်း ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်ကြကုန်သည်။ အကြောင်းတမူကား ထို (ကျန်ရစ်ခဲ့သော) သူတို့အဖို့မှာလည်း (မိမိတို့ထံ ရောက်ရှိလာကြ သောအခါ) မည်သို့မျှစိုးရိမ်ကြောင့်ကြခြင်းသည်လည်းကောင်း၊ ဝမ်းနည်းပူးဆွေးခြင်းသည်လည်းကောင်း မရှိခြင်းကြောင့်ပင်တည်း။ |
Hashim Tin Myint သူတို့သည် အလ္လာဟ်အရှင်မြတ်က အရှင်မြတ်၏ကျေးဇူးတော်ထဲမှ သူတို့အား ပေးသနားတော်မူသောအရာများနှင့် ပျော်ရွှင်လျက်ရှိကြသည်။ ၎င်းပြင် သူတို့သည် သူတို့နှင့် မပူးပေါင်းသေးဘဲ သူတို့နောက်တွင် ကျန်ရစ်ခဲ့သောသူများနှင့် ပတ်သက်၍လည်း ပျော်ရွှင်မြူးတူးလျက်ရှိကြသည်။ အဘယ့်ကြောင့်ဆိုသော် ထို(ကျန်ရစ်ခဲ့သော)သူများအပေါ်၌လည်း စိုးရိမ်စရာမရှိပေ၊ သူတို့သည် ပူဆွေးကြရမည်လည်း မဟုတ်ကြပေ။ |