﴿كُلُّ نَفۡسٖ ذَآئِقَةُ ٱلۡمَوۡتِۗ وَإِنَّمَا تُوَفَّوۡنَ أُجُورَكُمۡ يَوۡمَ ٱلۡقِيَٰمَةِۖ فَمَن زُحۡزِحَ عَنِ ٱلنَّارِ وَأُدۡخِلَ ٱلۡجَنَّةَ فَقَدۡ فَازَۗ وَمَا ٱلۡحَيَوٰةُ ٱلدُّنۡيَآ إِلَّا مَتَٰعُ ٱلۡغُرُورِ ﴾
[آل عِمران: 185]
နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးထားတော်မူသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသော စိတ်ဝိဉာဉ်) တိုင်းဖြစ်စေ၊ သို့မဟုတ် သက်ရှိတိုင်းသည် (ထိုမျိုးရိုးဗီဇထဲရှိ အရည် အသွေးများကို အရှင့်စည်းမျဉ်းတော်နိယာမတရားနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေသည်ဖြစ်စေ၊ စိတ်အလိုဆန္ဒနှင့် အညီ အသုံးချ၍ ဆုတ်ယုတ်ယုတ်ညံ့စေသည်ဖြစ်စေ၊ သတ်မှတ်ထားသည့် အချိန်ရောက်လာလျှင်) သေခြင်းတရားကို မြည်းစမ်းရမည်။ (ပင်ကိုယ်အရည်အသွေးနှင့်စွမ်းရည်အစွမ်းအစတို့ကို အသုံးချခြင်းဖြင့် အဓိကအကျိုးဆက်အဖြစ် ရသင့်သည့်) သင်တို့၏အကျိုးဆုလဒ်များကို ရှင်ပြန်ထမည့်နေ့တွင်သာ အပြည့်အဝ ပေးအပ်ခြင်းခံရလိမ့်မည်။ မည်သူမဆို (သူတို့၏ပင်ကိုယ်စွမ်းရည်များကို) ငရဲမီး (နှင့်ထိုက်ထန်သည့် နည်းလမ်းများအတိုင်း အသုံးချခြင်း) မှ ရှောင်ကြဉ်၍ သုခဥယျာဉ်ထဲဝင်ရောက် (နိုင်မည့် အရှင့်လမ်းစဉ်တော်အတိုင်း အသုံးချ) နိုင်ပါက သူသည် မုချအောင် မြင်ခဲ့ပြီ ဖြစ်၏။ လောကီဘဝသည် (အဓိကလိုအပ်ချက်များဖြစ်သော ရိက္ခာ၊ အသုံးအဆောင်နှင့်စိတ်ဖြေစရာများကို ယာယီခေတ္တခဏအတွက်သာ) မျှော်လင့်ချက်ပေးလျက် လှည့်စားခံရသည့်လောကီခံစားခွင့်များမှအပ အခြားမဟုတ်ပြီ။
ترجمة: كل نفس ذائقة الموت وإنما توفون أجوركم يوم القيامة فمن زحزح عن, باللغة البورمية
﴿كل نفس ذائقة الموت وإنما توفون أجوركم يوم القيامة فمن زحزح عن﴾ [آل عِمران: 185]
Hashim Tin Myint သက်ရှိသတ္တဝါတိုင်းသည် သေခြင်း၏အရသာကို မြည်းစမ်းကြရမည်။ ၎င်းပြင် အသင်တို့သည် ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် အသင်တို့၏အကျိုးရလာဒ်များကို ပြည့်ဝစွာ ပေးဆပ်ခြင်းခံကြရမည်။ ထို့နောက် အကြင်သူသည် ငရဲမီးဘေးမှ ဖယ်ရှားခံရပြီး ဂျန္နသ်သုခဘုံကို ဝင်ရောက်စေခြင်းခံရလျှင် ထိုသူပင် အမှန်စင်စစ် အောင်မြင်သောသူဖြစ်သည်။ ထို့ပြင် လောကီသက်တမ်းသည် ထင်ယောင်ထင်မှားဖြစ်စေသော ပစ္စည်းများသာဖြစ်သည်။ |