Quran with Burmese translation - Surah al-‘Imran ayat 190 - آل عِمران - Page - Juz 4
﴿إِنَّ فِي خَلۡقِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَٱخۡتِلَٰفِ ٱلَّيۡلِ وَٱلنَّهَارِ لَأٓيَٰتٖ لِّأُوْلِي ٱلۡأَلۡبَٰبِ ﴾
[آل عِمران: 190]
﴿إن في خلق السموات والأرض واختلاف الليل والنهار لآيات لأولي الألباب﴾ [آل عِمران: 190]
Ba Sein ၁၉ဝ။ မှတ်သားကြလော့။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူခြင်း၌သော်လည်းကောင်း၊ ညဉ့်နှင့်နေ့ကို ခြားနားတော်မူခြင်း၌သော်လည်းကောင်း၊ ဉာဏ်ပညာရှင်တို့အဖို့ရာ သက်သော သာဓကများပါရှိ၏။ |
Ghazi Mohammad Hashim ဧကန်စင်စစ် အာကာသကောင်းကင်ဘုံများနှင့်ကမ္ဘာမြေကို ဖန်ဆင်းတော်မူရာ၌လည်းကောင်း၊ နေ့နှင့်ညဉ့်တို့၏ ပြောင်းလဲမှု၌လည်းကောင်း နိသမ္မဉာဏ်ရှင်များအဖို့(တစ်ဆူတည်းဖြစ်တော် မူသောအလ္လာဟ်အရှင်မြတ်အားထင်ရှားသိစေနိုင်သော)သက်သေသာဓကများ မုချရှိပေသည်။ |
Hashim Tin Myint အမှန်စင်စစ် ကောင်းကင်များနှင့် ပထဝီမြေများ၏ ဖန်ဆင်းခြင်းတွင်လည်းကောင်း၊ ညနှင့်နေ့၏ အပြောင်းအလဲများတွင်လည်းကောင်း၊ ဉာဏ်ရှင်များအတွက် အမှန်ပင် သက်သေလက္ခဏာများရှိသည်။ |