Quran with Burmese translation - Surah al-‘Imran ayat 194 - آل عِمران - Page - Juz 4
﴿رَبَّنَا وَءَاتِنَا مَا وَعَدتَّنَا عَلَىٰ رُسُلِكَ وَلَا تُخۡزِنَا يَوۡمَ ٱلۡقِيَٰمَةِۖ إِنَّكَ لَا تُخۡلِفُ ٱلۡمِيعَادَ ﴾
[آل عِمران: 194]
﴿ربنا وآتنا ما وعدتنا على رسلك ولا تخزنا يوم القيامة إنك لا﴾ [آل عِمران: 194]
Ba Sein ၁၉၄။ အို-အကျွနု်ပ်တို့၏အသျှင်သခင် အသျှင်သည် မိမိ၏တမန်တော်တို့အားဖြင့် အကျွနု်ပ်တို့အား ဂတိ ဗျာဒိတ်ထားတော်မူသည်တို့ကို အကျွနု်ပ်တို့အား ပေးသနားတော်မူပါ။ ရှင်ပြထမြောက်ရသော နေ့တော်ကြီး၌ အသျှင်သည် အကျွနု်ပ်တို့ကို အရှက်ခွဲတော်မမူပါနှင့်အသျှင်၊ အသျှင်သည် မိမိ၏ ချိန်းဆိုချက်ထားတော်မူခြင်းကို မုချဖျက်တော်မမူပါ။ |
Ghazi Mohammad Hashim အို-ကျွန်တော်မျိုးတို့၏အရှင်၊ ၎င်းပြင် အရှင်မြတ်သည် မိမိ၏ ရစူလ်တမန်တော်များမှ တစ်ဆင့် ကျွန်တော်မျိုးတို့အား ကတိပြုတော်မူသော ကုသိုလ်အကျိုးကိုလည်းကျွန်တော်မျိုးတို့အား ပေးသနားတော်မူပါ။ ၎င်းပြင်အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကိယာမတ်နေ့တွင်ဂုဏ်ရည် သေးသိမ်အောင် ပြုတော်မမူပါလင့်။ မုချဧကန်အရှင်မြတ်သည် (မိမိထားရှိသော) ကတိတော်ကို (ဘယ်သောအခါမျှ) ဖောက် ဖျက်တော်မူသည် မဟုတ်ပါ။ |
Hashim Tin Myint အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် အရှင်မြတ်၏ တမန်တော်များမှတဆင့် ကျွန်ုပ်တို့အား ကတိပြုတော်မူခဲ့သောအရာများကိုလည်း ကျွန်ုပ်တို့အား ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် သေးသိမ်အောင်ပြုတော်မမူပါနှင့်။ အမှန်စင်စစ် အရှင်မြတ်သည် ကတိဖျက်တော်မမူပါ။ |