×

သို့ဖြစ်၍ (အလွန်တရာ ရက်ရောသောအကြင်နာရှင်ဖြစ်တော်မူသောအရှင်) သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က သူတို့၏ဆုတောင်းလျှောက်တင်မှုနှင့်စပ် လျဉ်း၍ သူတို့ အား ""သင်တို့သည် အချို့မှအချို့ 3:195 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:195) ayat 195 in Burmese

3:195 Surah al-‘Imran ayat 195 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 195 - آل عِمران - Page - Juz 4

﴿فَٱسۡتَجَابَ لَهُمۡ رَبُّهُمۡ أَنِّي لَآ أُضِيعُ عَمَلَ عَٰمِلٖ مِّنكُم مِّن ذَكَرٍ أَوۡ أُنثَىٰۖ بَعۡضُكُم مِّنۢ بَعۡضٖۖ فَٱلَّذِينَ هَاجَرُواْ وَأُخۡرِجُواْ مِن دِيَٰرِهِمۡ وَأُوذُواْ فِي سَبِيلِي وَقَٰتَلُواْ وَقُتِلُواْ لَأُكَفِّرَنَّ عَنۡهُمۡ سَيِّـَٔاتِهِمۡ وَلَأُدۡخِلَنَّهُمۡ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ ثَوَابٗا مِّنۡ عِندِ ٱللَّهِۚ وَٱللَّهُ عِندَهُۥ حُسۡنُ ٱلثَّوَابِ ﴾
[آل عِمران: 195]

သို့ဖြစ်၍ (အလွန်တရာ ရက်ရောသောအကြင်နာရှင်ဖြစ်တော်မူသောအရှင်) သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က သူတို့၏ဆုတောင်းလျှောက်တင်မှုနှင့်စပ် လျဉ်း၍ သူတို့ အား ""သင်တို့သည် အချို့မှအချို့ (ကို မွေးဖွားစေလျက် တစ်ခုတည်းသော လူသားမိသားစုဝင်များ ဖြစ်သည့်အလျောက်) အချင်းချင်း ရိုင်းပင်းကူညီကြသော အမျိုးသားများ သို့မဟုတ် အမျိုးသမီးများအနက်မှ မည်သူတစ်ဦး တစ်ယောက် (၏ပြုမူကျင့်ကြံလုပ်ဆောင်မှုကိုဖြစ်စေ၊ မည်သည့်နည်းဖြင့်ဖြစ်စေ) အချည်းနှီးဖြစ်စေရန် ငါအရှင်မြတ်က ခွင့်ပြုတော်မူမည် မဟုတ်ပေ။ (ဖိနှိပ်ချုပ်ချယ်ညှင်းပန်းခြင်းကို ခံခဲ့ကြရုံသာမက) သူတို့၏အိုးအိမ် မြို့ရွာတို့မှလည်း နှင်ထုတ်ခြင်းခံရလျှက် မွေးရပ်မြေကို စွန့်ခွာထွက်ခဲ့ရသူတို့သည် (သူတို့၏ဘဝလုံခြုံရေးအတွက် တော်လှန်သည့်အနေဖြင့်) ငါအရှင်မြတ်၏လမ်းတော်၌ ရင်ဆိုင်တိုက်ခိုက်ပြီး အသတ်ခံခဲ့ကြရလျှင် ငါအရှင်မြတ်သည် သူတို့ထံမှ (ယခင်က လုပ်မိခဲ့သည့်) မကောင်းမှုများကို ဖယ်ရှားတော်မူ၍ အကျိုးဆုလဒ် အဖြစ် ငါအရှင်မြတ်ထံတော်မှ “အောက်ခြေတွင် စိမ့်စမ်းရေသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များထဲသို့ မုချဧကန်၊ ဝင်ခွင့်ပြုတော်မူလိမ့်မည်။ အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံးဆုလဒ်ဟူသမျှကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်သည့်အလျောက် အရှင့်ထံတော်၌ အကောင်းဆုံးဆုလဒ်များသည် အလျှံပယ် ရှိနေတော်မူ၏။

❮ Previous Next ❯

ترجمة: فاستجاب لهم ربهم أني لا أضيع عمل عامل منكم من ذكر أو, باللغة البورمية

﴿فاستجاب لهم ربهم أني لا أضيع عمل عامل منكم من ذكر أو﴾ [آل عِمران: 195]

Ba Sein
၁၉၅။ ထိုအခါ သူတို့၏အသျှင်သခင်သည် သူတို့ကို နားထောင်တော်မူ၍ မှတ်သားကြလော့။ ငါအသျှင်သည် မည်သည့်ယောကျ်ား၊ မိန်းမ မဟူ မည်သည့်ကျေးကျွန်၏ ပြုကျင့်မှုကိုမျှ ဆုံးရှုံးစေ တော်မူသည်မဟုတ်။ သင်တို့သည် တစ်ယောက်မှတစ်ယောက် ဆင်းသက်လာကြ၏။ အကြင်သူတို့ သည် ထွက်ပြေးကြရ၏။ မိမိတို့အိုးအိမ်စည်းစိမ်မှ မောင်းထုတ်ခြင်းခံကြရ၏။ ငါအသျှင်၏ သာသနာရေး၌ ဆုံးရှုံးနစ်နာခြင်းခံကြရ၏။ စစ်ဆင်ကြရ၏။ အသတ်အဖြတ်ခံကြရ၏။ ငါသည် ထိုသူတို့အား ၎င်းတို့၏အပြစ်များကို အမှန်ပင်လွှတ်တော်မူမည်။ သူတို့အား ငါအသျှင်မြတ်သည် မုချဧကန် သုခဥယျာဉ်တော်များသို့ ဝင်စေတော်မူမည်။ ထိုဥယျာဉ်တော်များအောက်တွင် မြစ်ချောင်း အသွယ်သွယ် စီးဆင်းလျက်ရှိကြ၏။ အလ္လာဟ်အသျှင်မြတ်အထံတော်မှ အမြတ်ဆုံးသောဆုတော် ရှိ၏။
Ghazi Mohammad Hashim
သို့ဖြစ်ပေရာ ထိုသူတော်စင်တို့၏ လျှောက်ထားပန်ကြားချက်ကို ထိုသူတို့၏ အရှင်မြတ်သည် သဘောတူလက်ခံတော်မူခဲ့လေပြီ။ အကြောင်းသော်ကား ငါအရှင်မြတ်သည်အသင်တို့ အနက်မှ မည်သည့်ကောင်းမှုပြုသောသူ၏ကောင်းမှုကိုမျှ အလဟဿအချည်းနှီး ဖြစ်စေတော်မူသည်မဟုတ်သော ကြောင့်တည်း။ ထိုကောင်းမှုပြုသူသည်ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အသင်တို့ အညမညအချင်းချင်း တစ်ဦး သည်တစ်ဦး၏အစိတ်အပိုင်း(ဖြစ်ပေရာအမိန့်တော်လည်း တမျိုးတစားတည်းပင်)ဖြစ်ချေသည်။ပြီးနောက် အကြင်သူတို့ သည် (မှန်ကန်သော တရားလမ်းစဉ်ကိုလိုက်နာကျင့်မူနိုင်အံ့ သောငှာ မိမိတို့၏နေရင်းဒေသကို)စွန့်လွှတ် ထွက်ခွာခဲ့ကြ ကုန်၏။ ၎င်းပြင် မိမိတို့၏နေအိမ်များမှနှင်ထုတ်ခြင်း လည်းခံ ခဲ့ကြရ၏။ ၎င်းပြင် ငါအရှင်မြတ်၏လမ်းတော်၌ (အမျိုးမျိုး သော)ဒုက္ခပေးခြင်းကိုလည်း ခံခဲ့ကြရ၏။ ၎င်းပြင် (မှန်ကန် သောတရားလမ်းစဉ်၌)စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြ၏။ (များစွာသော သူများသည်)သတ်ဖြတ်ခြင်းကိုလည်းခံခဲ့ကြရ၏။ ငါအရှင်မြတ်သည်ထိုသူတို့၏ မကောင်းမှုဒုစရိုက် တို့ကို မုချဖယ်ရှားတော်မူအံ့။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အားအကြင်ဥယျာဉ်တော်များသို့လည်း ဝင်ရောက်စေတော်မူအံ့။ထိုဥယျာဉ်တော်များ၏ အောက်၌ စမ်းရေချောင်းများ စီးဆင်းလျက်ရှိ၏။ ဤသည် အလ္လာဟ်အရှင်မြတ်အထံတော်မှရရှိမည့် ကုသိုလ်အကျိုးပင်ဖြစ်ချေသည်။ အမှန်စင်စစ်အမွန်မြတ်ဆုံး သော အကျိုးဆုလာဘ်သည်ကား အလ္လာဟ်အရှင်မြတ်အထံ တော်၌သာလျှင် ရှိပေသတည်း။
Hashim Tin Myint
သို့ဖြစ်ရာ သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် သူတို့၏ဒိုအာ‌တောင်းခံမှုကို လက်ခံ‌တော်မူလိုက်သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ထဲမှ မည်သူပြု‌သော ‌ကောင်မှုကိုမှ အချည်းအနှီးဖြစ်‌စေ‌တော်မမူ‌ပေ။ ထို‌ကောင်းမှုပြုသူသည် ‌ယောက်ျားဖြစ်‌စေ၊ မိန်းမဖြစ်‌စေ၊ အသင်တို့၏အချို့သည် ချို့ထဲမှ (ဖြစ်သည့်အတွက် ‌ကောင်းကျိုး၊ ဆိုးကျိုး‌ပေးရာတွင်လည်း တန်းတူပင်)ဖြစ်သည်။*၎င်းပြင် အကြင်သူများသည် (သာသနာအတွက် သူတို့၏အိုးအိမ်များမှ) ဟိဂျ်ရသ်ပြုလုပ်စွန့်ခွာခဲ့ကြသည်။ ထို့ပြင် သူတို့၏‌နေအိမ်များမှ နှင်ထုတ်ခြင်းလည်း ခံခဲ့ကြရသည်။ ထို့ပြင် ငါအရှင်၏လမ်း‌တော်တွင် ဒုုက္ခ‌ပေးခြင်းကိုလည်း ခံခဲ့ကြရသည်။ ထို့ပြင် (အရှင်မြတ်၏လမ်းတွင်) စစ်တိုက်ခဲ့ကြပြီး သတ်ဖြတ်ခြင်းလည်းခံခဲ့ကြရသည်။ ငါအရှင်မြတ်သည် ထိုသူများ၏ မ‌ကောင်းမှုများကို သူတို့ထံမှ အမှန်ပင် ဖယ်ရှား‌ပေး‌တော်မူမည်။ ၎င်းပြင် ငါအရှင်သည် သူတို့အား အကြင်ဥယျာဉ်များထဲသို့ အမှန်ပင် ဝင်‌ရောက်‌စေ‌တော်မူမည်။ ထိုဥယျာဉ်များ‌အောက်မှ စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေသည်။ (ဤသည်) အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ရရှိမည့် အကျိုးရလာဒ်ဖြစ်သည်။ ထို့ပြင် ‌ကောင်းမြတ်‌သောအကျိုးရလာဒ်သည် အလ္လာဟ်အရှင်မြတ်ထံ၌ပင်ရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek