Quran with Burmese translation - Surah al-‘Imran ayat 47 - آل عِمران - Page - Juz 3
﴿قَالَتۡ رَبِّ أَنَّىٰ يَكُونُ لِي وَلَدٞ وَلَمۡ يَمۡسَسۡنِي بَشَرٞۖ قَالَ كَذَٰلِكِ ٱللَّهُ يَخۡلُقُ مَا يَشَآءُۚ إِذَا قَضَىٰٓ أَمۡرٗا فَإِنَّمَا يَقُولُ لَهُۥ كُن فَيَكُونُ ﴾
[آل عِمران: 47]
﴿قالت رب أنى يكون لي ولد ولم يمسسني بشر قال كذلك الله﴾ [آل عِمران: 47]
Ba Sein ၄၇။ မရယမ်က အို...အကျွနု်ပ်၏အသျှင်သခင် လူယောကျ်ားတစ်ဦးတစ်ယောက်မှ အကျွနု်ပ်ကိုမထိဘဲ အကျွနု်ပ်သည် အဘယ်သို့ သားရတနာရပါမည်နည်းဟု တင်လျှောက်၏။ အသျှင်မြတ်က သို့ဖြစ်သော်ငြားလည်း သင်မသည် သားရတနာရမည်သာတည်းဟု မိန့်တော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် အလိုတော်ရှိရာကို ဖန်ဆင်းတော်မူ၏။ အသျှင်မြတ်သည် ဝထ္ထုတစ်စုံတစ်ရာကို ကြံတော်မူသောအခါ ထိုအရာအား ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအခါ ၎င်းအရာသည် ဖြစ်ပေါ်လာရ၏။ |
Ghazi Mohammad Hashim ထိုသူမ (မရ်ယမ်သခင်မ)သည် (အပါးတော်စေတမန်များ၏ စကားများကို ကြားရလျှင် အလ္လာဟ်အရှင်မြတ်၏ အထံတော်၌ ဤသို့ လျှောက်ထားခဲ့လေသည်)အို-ကျွန်တော်မ၏အရှင်၊ ကျွန်တော်မျိုးမ၌ မည်သည့်နည်းဖြင့်သာ သားရတနာရှိနိုင်ပါအံ့နည်း။ အမှန်စင်စစ်သော်ကားမည်သည့်ယောက်ျားတဦးတယောက်ကမျှ ကျွန်တော် မျိုးမအားထိတွေ့ဘူးခဲ့သည်မရှိပါ။ (ထိုအခါ) အလ္လာဟ်အရှင်မြတ်က(အို-မရ်ယမ်၊ အသင်၌ မည်သူတဦးတယောက်ကမျှ ထိတွေ့ခြင်းမရှိဘဲလျက်) ဤနည်းအတိုင်းပင် (သားကောင်းရတနာတစ်ပါးရရှိအံ့။ အကြောင်းတမူ ကား) အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိရာ ဖန်ဆင်း တော်မူ၏။ ထိုအရှင်မြတ်သည် တစုံတခုသော အရေး ကိစ္စကို စီရင် ပြဋ္ဌာန်းတော်မူသောအခါ ထိုအရေး ကိစ္စကို ဖြစ်စေဟူ၍ မိန့်ကြားတော်မူရုံမျှဖြင့်ထိုအရေးကိစ္စသည် (တမုဟုတ်ခြင်းပင်) ဖြစ်လာ လေသတည်း။ |
Hashim Tin Myint သူမ(မရ်ယမ်)က ပြောဆိုလျှောက်ထားသည်၊ “အို- ကျွန်မအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်မအား မည်သည့်ယောက်ျားတစ်ဦးတစ်ယောက်ကမျှ ထိတွေ့ခဲ့ဘူးခြင်းမရှိခဲ့ပါဘဲလျက် ကျွန်မသည် မည်သည့်နည်းဖြင့် သားရတနာ ရရှိနိုင်ပါမည်နည်း။“ အရှင်မြတ်က အမိန့်ရှိတော်မူသည်၊ ဤကဲ့သို့ပင် (သားရတနာရမည်)။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသည်ကို ဖန်ဆင်းတော်မူသည်။ အရှင်မြတ်သည် ကိစ္စတစ်ခုကို ပြဋ္ဌာန်းတော်မူသည့်အခါ “ဖြစ်စေ“ဟု အမိန့်ပေးလိုက်သည်နှင့် ထိုကိစ္စသည် ဖြစ်လာပေသည်။ |