Quran with Burmese translation - Surah al-‘Imran ayat 73 - آل عِمران - Page - Juz 3
﴿وَلَا تُؤۡمِنُوٓاْ إِلَّا لِمَن تَبِعَ دِينَكُمۡ قُلۡ إِنَّ ٱلۡهُدَىٰ هُدَى ٱللَّهِ أَن يُؤۡتَىٰٓ أَحَدٞ مِّثۡلَ مَآ أُوتِيتُمۡ أَوۡ يُحَآجُّوكُمۡ عِندَ رَبِّكُمۡۗ قُلۡ إِنَّ ٱلۡفَضۡلَ بِيَدِ ٱللَّهِ يُؤۡتِيهِ مَن يَشَآءُۗ وَٱللَّهُ وَٰسِعٌ عَلِيمٞ ﴾
[آل عِمران: 73]
﴿ولا تؤمنوا إلا لمن تبع دينكم قل إن الهدى هدى الله أن﴾ [آل عِمران: 73]
| Ba Sein ၇၃။ သင်တို့သည် မိမိတို့ဘာသာအယူဝါဒကို လိုက်နာသူမှတစ်ပါး အခြားသူတို့ကို မယုံကြည်ကြလင့်ဟြု ပြောဆိုကြ၏။ အို-မိုဟမ္မဒ် သင်ဟောကြားလော့။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်၏ ညွှန်ပြချက်သာလျှင် ညွှန်ပြချက်အစစ်အမှန်ဖြစ်၏။ ရှေးကျမ်းတော်ရရှိသူများက အချင်းတို့ သင်တို့အားပေးသနားတော်မူသော တရားတော်ကို အခြားသူတို့အား ပေးသနားတော်မူသည် မယုံကြည်ကြလင့်။ သူတို့သည် သင်တို့နှင့် သင်တို့၏ အသျှင်သခင်ရှေ့တော်ဝယ် ငြင်းခုံကြမည်ကို လည်း မယုံကြည်ကြလင့်ဟု ဆိုကြ၏။ အို-မိုဟမ္မဒ် ဟောကြားလော့။ ဟယ် အချင်းတို့ ကောင်းကြီး မင်္ဂလာတော်သည် အလ္လာဟ်အသျှင်တမြတ်၏ တန်ခိုးလက်တော်၌သာရှိ၏။ အသျှင်မြတ်သည် အလိုရှိတောည်မူသောသူအား ပေးကမ်းစွန့်ကြဲတော်မူ၏။ အရာခပ်သိမ်းကုန်တို့ကို အရေးစိုက်တော် မူသောအသျှင်ဖြစ်တော်မူ။ |
| Hashim Tin Myint “၎င်းပြင် အသင်တို့သည် အသင်တို့၏သာသနာကို လိုက်နာသူများမှလွဲ၍ (မည်သူ့ကိုမှ) မယုံကြနှင့်“- (ဟုပြောဆိုကြသည်)။ (အို- တမန်တော်)အသင်ပြောလိုက်ပါ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ လမ်းမှန်ညွှန်ကြားပြသချက်သာ (ဖြောင့်မတ်မှန်ကန်သော) လမ်းမှန်ညွှန်ကြားပြသချက်ဖြစ်သည်။ (အသင်တို့၏ ထိုသို့ပြောဆိုခြင်းသည်) အသင်တို့ရရှိထားသော သာသနာကဲ့သို့ အခြားသူတစ်ဦးတစ်ယောက် ရရှိသွားခြင်းကြောင့်၊ သို့မဟုတ် (အသင်တို့ကဲ့သို့ သာသနာမျိုးရရှိသွားသော) အခြားသူများသည် (အသင်တို့ ထိမ်ချန်ထားသည်များကို သိရှိသွားပြီး) အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတွင် အသင်တို့(သည် အမှန်ကို ထိမ်ချန်ထားသည့်အကြောင်း)အား အငြင်းအခုံပြုပြီး အနိုင်ရရှိသွားကြမည့်အတွက်ကြောင့် ဖြစ်သည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ၊ ကျေးဇူးတော်အားလုံးသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်ထဲ၌ပင်ရှိသည်။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူကိုသာ (သီးသန့်ရွေးချယ်၍) ကျေးဇူးပြုတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အသိဉာဏ်ပညာနှင့် ကရုဏာကျယ်ဝန်းလျက် အရာအားလုံးကို) ဝန်းခြုံထားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |