Quran with Burmese translation - Surah al-‘Imran ayat 81 - آل عِمران - Page - Juz 3
﴿وَإِذۡ أَخَذَ ٱللَّهُ مِيثَٰقَ ٱلنَّبِيِّـۧنَ لَمَآ ءَاتَيۡتُكُم مِّن كِتَٰبٖ وَحِكۡمَةٖ ثُمَّ جَآءَكُمۡ رَسُولٞ مُّصَدِّقٞ لِّمَا مَعَكُمۡ لَتُؤۡمِنُنَّ بِهِۦ وَلَتَنصُرُنَّهُۥۚ قَالَ ءَأَقۡرَرۡتُمۡ وَأَخَذۡتُمۡ عَلَىٰ ذَٰلِكُمۡ إِصۡرِيۖ قَالُوٓاْ أَقۡرَرۡنَاۚ قَالَ فَٱشۡهَدُواْ وَأَنَا۠ مَعَكُم مِّنَ ٱلشَّٰهِدِينَ ﴾
[آل عِمران: 81]
﴿وإذ أخذ الله ميثاق النبيين لما آتيتكم من كتاب وحكمة ثم جاءكم﴾ [آل عِمران: 81]
Ba Sein ၈၁။ အလ္လာဟ်အသျှင်မြတ်သည် တမန်တော်တို့နှင့် ပဋိညာဉ်ဖွဲ့တော်မူသောအခါ အသျှင်မြတ်က အို-တမန်တော်တို့ သင်တို့သည် ငါပေးသနားတော်မူသော ကျမ်းတော်နှင့် ပညာအလင်းရောင်ကို ကြည့်ရှု့ကြလော့။ နောင်ကာလတွင် သင်တို့ထံသို့ တမန်တော်တစ်ပါးလာလိမ့်မည်။ ထိုတမန်တော် သည် သင်တို့ရရှိပြီးသောကျမ်းတော်ကို ထောက်ခံအတည်ပြုသူဖြစ်မည်။ သင်တို့သည် ယုံကြည်ကြ လော့။ ဒိဌဆက်ဆက် ကူညီရိုင်းပင်းကြလော့ဟု မိန့်တော်မူ၏။ ထို့နောက် အသျှင်မြတ်က ဟယ် တမန်တော်တို့ သင်တို့ သဘောတူကြသလော။ ဤကိစ္စ၌ ငါသည် သင်တို့အား ပေးကမ်းတော်မူသော ငါ၏ ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ကြမည်လောဟု မိန့်တော်မူ၏။ သူတို့က အကျွနု်ပ်တို့ သဘောတူ ကြပါ၏ဟု တင်လျှောက်ကြ၏။ တဖန် အသျှင်မြတ်က သင်တို့သည် သက်သေခံကြလော့။ ငါလည်း သင်တို့နှင့်အတူတကွ သက်သေခံသူဖြစ်တော်မူမည်ဟု မိန့်တော်မူ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါးတုံ (ပြန်လည်အောင့်မေ့ သတိရကြကုန်၊) တရံရော အခါဝယ် အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်များထံမှ ပဋိညာဉ်ဝန်ခံချက်ကို (ဤသို့)ယူတော်မူလေသည်။ (အို-နဗီ တမန်အပေါင်းတို့) ဧကန်မလွဲငါအရှင်မြတ်သည် အသင်တို့အား ကျမ်းဂန်ကို၏လည်းကောင်း၊ ဉာဏ်ပညာ အမြော်အမြင်ကိုလည်းကောင်း၊ပေးသနားတော်မူပြီးနောက် အသင်တို့ လက်ဝယ်ရှိနှင့်ပြီးဖြစ်သော ကျမ်းဂန်များကိုထောက်ခံသော ရစူလ်တမန်တော်တစ်ပါးပါးသည် အသင်တို့ထံ ရောက်လတ်သော် အသင်တို့သည် ထိုရစူလ်တမန်တော်ကို (မိမိတို့စိတ်တွင်းမှ) မုချယုံကြည်ကြပေမည်။ ၎င်းပြင် ထိုရစူလ် တမန်တော်ကို(ကာယကံမြောက်လည်း) အားပေး ကူညီကြပေမည်။ထို့နောက် အလ္လာဟ်အရှင်မြတ်က (အို-နဗီတမန်တော်အပေါင်းတို့) အသင်တို့သည် ဝန်ခံကြပြီလော။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အသင်တို ့သည် ငါအရှင်မြတ်၏ ပဋိညာဉ်တော်ကိုလည်း လက်ခံကြပြီလော ဟု မေးမြန်းတော်မူ၏။(ထိုအခါ နဗီတမန်တော် အပေါင်းတို့က) ကျွန်တော်မျိုးတို့သည် ဝန်ခံကြပါပြီ ဟု တင်လျှောက်ကြလေသည်။(ထိုအခါအလ္လာဟ်အရှင်မြတ်က) သို့ဖြစ်လျှင် အသင်တို့သည် (ဤပဋိညာဉ် ဝန်ခံချက်နှင့် စပ်လျဉ်း၍) အသိသက်သေများဖြစ်ကြကုန်။ ငါအရှင်မြတ်သည်လည်း အသင်တို့နှင့်အတူ အသိသက်သေများအနက် အပါအဝင်ဖြစ်တော်မူသည် ဟုမိန့်ကြားတော်မူလေသတည်း။ |
Hashim Tin Myint ထို့ပြင် တစ်ခါက အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်များထံမှ (ဤသို့)ကတိသစ္စာ ယူတော်မူခဲ့သည်၊ “အမှန်စင်စစ် ငါအရှင်မြတ်သည် ကျမ်းဂန်နှင့် ပညာဉာဏ်အမြော်အမြင် ပေးသနားတော်မူပြီးနောက် အသင်တို့ထံတွင်ရှိသော ကျမ်းဂန်များကို ထောက်ခံသည့် ရစူလ်တမန်တော်*တစ်ပါးပါးသည် အသင်တို့ထံသို့ ရောက်လာသည့်အခါတွင် အသင်တို့သည် ထိုတမန်တော်အား အမှန်ပင် ယုံကြည်ကြရမည်၊ ၎င်းပြင် သူ့အား ကူညီအားပေးကြရမည်။“ ထို့နောက် အလ္လာဟ်အရှင်မြတ်က “အသင်တို့ ဝန်ခံကြပြီလော။ ထိုကိစ္စနှင့်ပတ်သက်ပြီး အသင်တို့သည် ငါအရှင်မြတ်၏ ကတိသစ္စာကိုလည်း လက်ခံကြပြီလော“ဟု မေးမြန်းတော်မူသည်။ သူတို့က “ကျွန်ုပ်တို့ ဝန်ခံကြပါပြီ“ဟု ပြောဆိုလျှောက်ထားကြသည်။ “သို့ဖြစ်လျှင် အသင်တို့သည် (ထိုကတိသစ္စာနှင့် ပတ်သက်၍) အသိသက်သေများဖြစ်ကြပါ။ ငါအရှင်မြတ်သည်လည်း အသင်တို့နှင့်အတူ အသိသက်သေများထဲတွင် ပါဝင်တော်မူမည်“ဟု အရှင်မြတ်က မိန့်ကြားတော်မူသည်။ |