Quran with Burmese translation - Surah al-‘Imran ayat 97 - آل عِمران - Page - Juz 4
﴿فِيهِ ءَايَٰتُۢ بَيِّنَٰتٞ مَّقَامُ إِبۡرَٰهِيمَۖ وَمَن دَخَلَهُۥ كَانَ ءَامِنٗاۗ وَلِلَّهِ عَلَى ٱلنَّاسِ حِجُّ ٱلۡبَيۡتِ مَنِ ٱسۡتَطَاعَ إِلَيۡهِ سَبِيلٗاۚ وَمَن كَفَرَ فَإِنَّ ٱللَّهَ غَنِيٌّ عَنِ ٱلۡعَٰلَمِينَ ﴾
[آل عِمران: 97]
﴿فيه آيات بينات مقام إبراهيم ومن دخله كان آمنا ولله على الناس﴾ [آل عِمران: 97]
Ba Sein ၉၇။ ထိုထူးမြတ်သောဌာန၌ အလ္လာဟ်အသျှင်မြတ်၏ ညွှန်ပြတော်မုခြင်းကို ထင်ရှားစေသော အမှတ်အသားများရှိကြ၏။ တမန်တော်အီဗရာဟီမ်သည် ဆွလာသ်ဝတ်ပြုရန် မတ်တပ်ရပ်သော နေရာ ကျောင်းတော်လည်းရှိ၏။ အကြင်သူသည် ထိုအရပ်ဒေသကို ဝင်အံ့။ ထိုသူသည် လုံခြံု၍ ဘေးကင်း၏။ ထိုကျောင်းတော်သို့ ဟာဂျ်ပြုသွားခြင်းသည် အလ္လာဟ်အသျှင်မြတ်အား လူသားတို့ ပြုအပ်သော ဝတ္တရားတော်ကြီးဖြစ်၏။ ခရီးစရိတ်တတ်နိုင်သူသည် ထိုဝတ်ကိုပြုအပ်၏။ အကြင်သူသည် မယုံကြည်။ အလ္လာဟ်အသျှင်မြတ်သည် မိမိ၏ကျေးကျွန်များကို လုံးဝမှီခိုတော် မမူကြောင်းကို ထိုသူမိုက်သိစေလော့။ |
Ghazi Mohammad Hashim ယင်းအိမ်တော်၌ ထင်ရှားလှစွာသော သက်သေလက္ခဏာများရှိကြ၏။ (ယင်းလက္ခဏာများ အနက်မှ မကာမုအစ်ဗ်ရာဟီမ်နဗီတမန်တော်)အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်)ရပ်တည်သောနေရာသည် (လည်းလက္ခဏာတစ်ရပ်ပင်) ဖြစ်ချေသည်။ ထိုမှတစ်ပါး အကြင်သူသည် ယင်းအိမ်တော်သို့ဝင် ရောက်ခဲ့အံ့၊ ထိုသူသည် ဘေးရန်(ခပ်သိမ်း) ကင်းငြိမ်းသူဖြစ်လတ္တံ့။ တဖန် လူများအပေါ်ဝယ် တာဝန်ရှိသည်မှာ၊အကြင် သူသည် ထိုအိမ်တော်သို့အရောက် ခရီးသွားရန်တတ်စွမ်း နိုင်ခဲ့ ပါလျှင်၊ အလ္လာဟ်အရှင်မြတ် (နှစ်သက်တော်မူရန်)အတွက် ထိုအိမ်တော်သို့ သွားရောက် ဟဂျ်ပြုရန် (ထိုသူ့အပေါ်၌) တာဝန်ရှိပေသည်။ သို့ရာတွင် အကြင်သူသည်(အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို) ငြင်းပယ်သည်ရှိသော် (အလ္လာဟ်အရှင်မြတ်၌ တစ်စုံတစ်ရာမျှနစ်နာ ဆုံးရှုံးမှုအလျင်း မရှိချေ၊) အဘယ်ကြောင့်ဟူမူ အလ္လာဟ်အရှင်မြတ်သည် မုချဧကန် စကြာဝဠာ အပေါင်းတို့အား လိုလား တောင့်တခြင်း ကင်းတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထိုအိမ်တော်တွင် ထင်ရှားသော သက်သေလက္ခဏာများရှိသည်။ မကားမုအိဗ်ရာဟီမ် (တမန်တော်အိဗ်ရာဟီမ် ရပ်တည်သောနေရာ)လည်းရှိသည်။ ထို့ပြင် အကြင်သူသည် ထိုအိမ်တော်ထဲသို့ ဝင်ရောက်လျှင် ထိုသူသည် ဘေးရန်(ဟူသမျှ)မှ လွတ်ကင်းသူဖြစ်မည်။* ထို့ပြင် လူများထဲမှ အလ္လာဟ်အရှင်မြတ်၏အိမ်တော်သို့ သွားရောက်ရန် တတ်စွမ်းနိုင်သောသူများ အပေါ်တွင် အလ္လာဟ်အရှင်မြတ်အတွက် ဟဂျ်ပြုလုပ်ရန် ဖရဿွ်တာဝန်ရှိသည်။ ၎င်းပြင် အကြင်သူသည် ငြင်းပယ်လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စကြာဝဠာအားလုံးမှ လိုလားတောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝတော်မူသောအရှင် ဖြစ်တော်မူသည်။ |